#unuco
"Lisaနဲ့ ပြန်ပြီး အဆင်ပြေသွားလို့ ဝမ်းသာပါတယ် "Bambam တစ်ယောက် စံအိမ်အနောက်က ပန်းခြံထဲ Chaeyoungနဲ့ လမ်းအတူ လျှောက်ရင်း ပြောလိုက်သည်
"ဟုတ်တယ် သူလည်း ပုံမှန် ပြန်ဖြစ်သွားလို့ Chae ဝမ်းသာနေတာ "
Chaeyoung အခန်းထဲမှာ နေရတာ ပျင်းလို့ ပန်းခြံထဲ လမ်းလျှောက်နေစဥ် Bambamက ရောက်လာခြင်း ဖြစ်သည်
"ဒါနဲ့ သူတို့ ပြန်လာအုံးမှာလားဟင်...Lisaရဲ့ အဖေတို့လေ ..."
"အင်း အခုလတ်တလောတော့ သူတို့ထပ်မလာလောက်ပါဘူး ဘာလို့ဆို Namရဲ့ ဆေးက စွမ်းတယ်လေ Vampireတွေကို သေစေတဲ့ပန်းနဲ့ ဖော်ထားတာ.... Mr. Manoban က အစွမ်းထက်ဆုံး Vampire ဆိုတော့ မသေတောင် သေမလောက်ထိ ဒဏ်ရာခံစားနေရမှာ....ပြန်ပြီး ပျောက်အောင် ကုဖို့ လအတော်ကြာမှာ...အဲ့တော့ သူတို့ ထပ်ပြီး မလာလောက်သေးပါဘူး....ပြန်လာရင်လည်း စိတ်မပူပါနဲ့ ငါတို့အားလုံး မင်းကို ကာကွယ်ပေးမှာပါ ...အထူးသဖြင့် Lisa. ..သူမင်းကို အထိအခိုက်မခံရအောင် ကာကွယ်ပေးမှာ....အခု နယူးဇီလန်က Vampire Queen ဖြစ်တဲ့ သူ့သူငယ်ချင်း အတွဲကိုလည်း ကူညီဖို့ ခေါ်ထားသေးတယ် " (သိတယ်မလား သိတယ်မလား ဘယ်သူဆိုတာ xD)
Bambamရဲ့ စကားကြောင့် Chaeyoung ပြုံးမိသွားတယ်
Lisaတို့ကြောင့် Chaeyoung စိတ်ပူတာတွေ ပျောက်ပြီး လုံခြုံသွားသလို ခံစားရတယ်
ဒါပေမယ့် တစ်ခါတစ်လေကျ Lisaတို့ Bambam တို့အတွက် သူမက ပြဿနာ တစ်ခု ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ Chaeyoung ခံစားရသည်
"Aww ဒါနဲ့ ငါ ပြောစရာရှိလို့လာတာ မေ့သွားတယ် ဟီး Lisaက မင်းကို အပြင် ခေါ်သွားမလို့ အသင့်ပြင်ထားပါတဲ့ "
"ဟွန်း သူကိုယ်တိုင် လာမပြောဘဲ ဘာလို့ Bambamကို ပြောခိုင်းရတာလည်း "
"Nam နဲ့ ဓာတ်ခွဲခန်းထဲ ဆေးတစ်ခုစမ်းသပ်နေလို့ပါ agioo သူ့ကို စိတ်ကောက်မနေနဲ့ ရော့ ချောကလက်စား "
Bambam သူ့အိတ်ကပ်ထဲက ချောကလက်လေး ထုတ်ပြီး Chaeyoungကို ပေးလိုက်သည်
"Gomawo Bambam "
Chaeyoung မှာ Bambamပေးတဲ့ ချောကလက်စားပြီး သူမ အခန်းဘက် ထွက်သွားသည်
