Ep2

1.1K 47 1
                                    

ဒီနေ့ထူးထူးဆန်းဆန်း အိပ်ယာစောစောနိုးလို့ကျန်းမာရေးလိုက်စားတဲ့အနေနဲ့
အိမ်နဲ့မနီးမဝေးနားမှာရှိတဲ့
ဥယျာဉ်ပန်းခြံလေးဆီသို့
မနက်ခင်းလေညှင်းကိုခံပြီး
လမ်းလျှောက်လာတယ်။
ပန်းလေးတွေရဲ့အလှရယ်၊ ငှက်လေးတွေရဲ့တွန်ညီးသံလေးတွေရယ်၊ မနက်ခင်းလတ်ဆတ်တဲ့လေလေးကို
ရှုကြည့်လိုက်တဲ့အခါ
တကယ်ကိုလန်းဆန်းသွားတာပဲ။

"ဒီလောက် သာယာလှပတဲ့ မနက်ခင်းလေးကို ငါ အခုမှပဲ မြင်ဖူးတော့တယ်။
နေ့တိုင်း နောက်ကျမှထတာကို
နောက်နေ့ စောစောထသင့်ပြီ။"

ခုံတန်းလျားလေးပေါ်မှာထိုင်ပြီး
မနက်ခင်းရဲ့သာယာလှပတဲ့ရှု့ခင်းလေးကို
ကြည့်ကာ ကြည်နူးနေစဥ်
ခွေးတစ်ကောင်က သူ့ရဲ့ခြေထောက်ကိုလာလျှက်သည်။ စိုစွတ်စွတ်နဲ့ယားကျိကျိဖြစ်လာလို့ သူလည်း လန့်ပြီးအောက်ကိုမကြည့်မိဘဲအော်လိုက်မိတယ်။
အောက်ကိုကြည့်မိတော့မှ ခွေးလေးတစ်ကောင်ဖြစ်နေသည်။

"အော် ...ခွေးလေးပဲ။
သေးသေးလုံးလုံးလေး နဲ့
ချစ်ဖို့တော့ကောင်းသား။
လမ်းပျောက်လာတာလား၊
ပိုင်ရှင်မရှိတာလား ?"

ခွေးလေးကိုချီပြီး
ပိုင်ရှင်ကိုတွေ့မလားလို့
ပန်းခြံထဲလိုက်ရှာတယ်။

>>>>><<<<<

ကျွန်တော်ကမနက်တိုင်းပြေးနေကျ။
အရင်နေ့တွေကတစ်ယောက်တည်းပြေးပေမဲ့ဒီနေ့မှထူးထူးဆန်းဆန်းchopperလေး
လိုက်ချင်လို့လားမသိပါဘူး ကျွန်တော့်အနားကိုအတင်းလိုက်ကပ်နေလို့chopperကိုပါခေါ်လာလိုက်တယ်။
chopperလေးပါတော့
မပြေးတော့ဘဲchopperလေးကိုချီပြီးလမ်းလျှောက်လာတယ်။

"chopperလေး နဲ့ အတူ မနက်ခင်း လမ်းလျှောက်ရတာ ပျော်ဖို့ကောင်းလိုက်တာ။ အကောင်လုံးပေါက်လေးက
လက်ပေါ်မှာငြိမ်လို့။"

အဖိုးတစ်ယောက်လမ်းလျှောက်နေရင်းခေါင်းမူးလာပြီး လဲကျမလိုဖြစ်တော့
အဖိုးအနားကိုသွားပြီး
တွဲကာခုံတန်းလျားပေါ်မှာ
ထိုင်ခိုင်းလိုက်သည်။

"အဖိုး အဆင်ပြေရဲ့လား ?
ဆေးခန်းလိုက်ပို့ပေးရမလား?"

"အဆင်ပြေပါတယ် လူလေး။
ဆေးခန်း သွားပြစရာမလိုပါဘူး။
ဒီနေ့ အိမ်က ထွက်လာတည်းက
ခေါင်းတရိပ်ရိပ် မူးနေတာ"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now