Ep-16

382 21 3
                                    

တစ်ပတ်လောက်ခန့်ကြာတော့....
Mew's Condoကို gulfပြောင်းလာသည်

"ကိုယ်တော့ အရမ်းပျော်တာပဲ"

"ဘာလို့လဲ"

"လူတွေကပြောကြတယ်
မနက်ခင်း ဆည်းလည်းသံလေးကိုကြားရပြီး ချစ်ရတဲ့လူနဲ့အတူနိုးထလာတဲ့အချိန်ဟာ ဘာနဲ့မတူ ကြည်နူးဖို့ကောင်းတယ်ဆိုတာလေ..."

"အရင်ကတော့ ပြောတဲ့လူတွေ အပိုလုပ်ပြောတယ်ထင်တာ အခုတော့ ကိုယ်တိုင်
ကြည်နူးမိနေပြီ"

"အချစ်ဟာ လူကိုပြောင်းလဲစေတာ အမှန်ပဲ
ကိုယ်အရင်က တွဲခဲ့ဖူးတဲ့ ရည်းစားတွေအများကြီး တကယ်မချစ်ခဲ့လို့လားပဲ
အခုလို ကြည်နူးပြီးပျော်ရွှင်မနေဘူး"

"Kanaလည်း ကိုကို့ကို အရမ်းချစ်တာနော်
ကိုကိုသာ ရည်းစားတွေအများကြီးထားပြီး ရှုပ်ပွေခဲ့တာ"

"Kanaက ကိုကိုမှကိုကိုဖြစ်ခဲ့တာ
ဒါတွေကို ကိုကိုကဘယ်သိမလဲ"

"သွေးကြောထဲကစွမ်းအင်များ
ကိုကိုဖန်ဆင်းပေးထားသလား
သီချင်းက kanaနဲ့အလိုက်ဆုံးပဲ"

"ကိုကို့ရဲ့ဖြစ်တည်မှု့ အားလုံးကို
ရူးမတတ်ချစ်ခဲ့ရလို့"

"ပြောပြပါအုံး"

"မပြောချင်တော့ပါဘူး
အတိတ်ဟာအတိတ်ပါပဲ
အနာဂတ်ကိုလည်း မတွေးချင်သေးဘူး
အခုလက်ရှိပစ္စုပ္ပန်ကိုပဲ စိတ်၀င်စားတယ်"

"သေချာတာ တစ်ခုကတော့
Kana ကိုကို့ကိုအရမ်းချစ်တာပဲ"

"ဟုတ်ပါပြီ ကိုကို့ရဲ့စကားတတ်လေး"

"Kanaလေး ဗိုက်ဆာလား
ကိုကိုတို့ အပြင်မှာသွားစားကြမလား"

"ဟင့်အင်းး ညောင်းတယ်
ဘယ်မှမသွားချင်ဘူး
ခေါက်ခွဲပြုတ် ပူ"စပ်"လေးပဲ
စားချင်တယ်"

"အဲ့တာဆို ကိုကိုပြုတ်ပေးမယ်နော်"

"အင်း"

ခေါက်ဆွဲပြုတ်နေသော
Mewရဲ့ကျောပြင်ကိုကြည့်ကာ
နောက်နေသွားဖက်လိုက်သည်

"Kanaလေး ရေနွေးပူလောင်မယ်
ကိုကို ယားတတ်တယ်
ခုံမှာသွားထိုင်စောင့်နေ"

"ဟင့်အင်းး စောင့်ချင်ဘူး
ဒီလိုလေး ဖက်ထားချင်တာ"

"ခေါက်ဆွဲပြုတ်ရပြီ"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now