Ep6

671 52 1
                                    

ဒီနေ့  အရင်နေ့တွေနဲ့မတူ လန်းဆန်းတက်ကြွ နေတယ်။ မနေ့က သူ့ရဲ့ Crushကြီးက
အိမ်ပြန် လိုက်ပို့တယ်မလား။ အဲ့တာကြောင့် ပီတိတွေဖြာပြီး အလုပ်သွားဖို့ အိမ်ကအထွက် ကိုယ့်ကား ရုံးမှာကျန်ခဲ့မှန်း
အခုမှသတိရတယ်။ Taxiငှားပြီး
ရုံးကိုသွားတာပေါ့။ Crushလေး ကောင်းမှုနဲ့ ရင်ခုန်ပြီးတစ်ညလုံး အိပ်လို့မပျော်ဘူး။ ဘယ်သူမဆို ကိုယ့် Curshက အိမ်ပြန်လိုက်ပို့ပေးရင် ပျော်ကြမှာပဲ။ ကျွန်တော်လည်း အဲ့လိုပဲ အပျော်လွန်ပြီး အတွေးထဲမှာ သူနဲ့ကိုယ် ရည်းစားဖြစ်သွားတဲ့ အဆင့်ထိပါ တွေးပစ်လိုက်တာ။

Company ရောက်တော့ ကိုယ်ကပဲ
စောရောက်နေသလားပဲ။
ဘယ်သူမှ မရောက်ကြသေးဘူး။
ကိုယ်တော်ချောလေးရဲ့ ရုံးခန်းကို
သန့်ရှင်းရေး အရင်စလုပ်တယ်။
သန့်ရှင်းရေး လုပ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အလုပ်လုပ်ရမဲ့နေရာ မှာ ထိုင်ပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ တစ်ခုတော့ စဥ်းစားမိတယ် ။ဘာလို့ secretary က CEO ရုံးခန်းမှာ မနေရတာလဲ? အရင် P'Hanတုန်းကတောင် CEOရုံခန်းမှာပါ။ P'mewက သီးသန့်နေရတာ ကြိုက်လို့လား ?အဲ့တာကြောင့် သူ့ရုံခန်းမှာ လူရှိနေရင် အဆင်မပြေလို့လား?
သူအဆင်ပြေမပြေတော့ မသိဘူး။ ကိုယ်တော့ တကယ် အဆင်မပြေဘူး။
အခု အလုပ်လုပ်နေရတဲ့ နေရာနဲ့
Phiရဲ့ ရုံခန်းက နီးနီးလေးဆိုပေမဲ့ Phiက အလုပ်လုပ်ရင် မြင်နေရတဲ့ နေရာမှန်သမျှ အကုန်ပိတ်ထားတာ။အသက်ရှုမကြပ်ဘူးလားမသိ အော်...မေ့လို့ air con ရှိတော့ ဘယ်ကြပ်မလဲ။ နောက်နေ့ အဲ့ air con ကို
သွားကလိအုံးမယ်။ အဲ့တာကြီး ပျက်မှ ပိတ်ထားတဲ့ လိုက်ကာတွေကို ဖွင့်မှာ ။Phi မျက်နှာလေးကို တစိမ့်စိမ့် ထိုင်ကြည့်ရင်း အလုပ်လုပ်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

>>>>>>>><<<<<<<

Sueကို ပစ်ထားသလို ဖြစ်နေတာကြာပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ဘက်ကလဲ
စိတ်ဝင်စားခဲ့လို့ တွဲခဲ့တာပဲ။
အခုလိုကျ မိန်းကလေးတစ်ယောက်ကို
တွဲပြီး ဂရုမစိုက်သလို ဖြစ်နေတော့ ကျွန်တော်က မကောင်းတဲ့လူ ဖြစ်နေပြီ။
Sueကို ဖုန်းခေါ်တော့ ကိုင်တယ်။

"Hello...."

"sue ကိုယ့်ကို စိတ်ဆိုးနေလား?
ကိုယ် ဒီရက်ပိုင်း တကယ်
အလုပ်ရှုပ်နေလို့ပါ"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now