Ep-19(final ep)

633 19 0
                                    

Time Skip>>>

"kana ကိုယ်တို့ ဒီနေ့ ချစ်သူသက်တမ်း
သုံးလပြည့်တဲ့နေ့နော်"

"အင်း အဲ့တာဘာဖြစ်လို့လဲ"

"ဆိုင်တစ်ခုခုမှာ သွားဒိတ်ကြရအောင်"

"ကိုကို့သဘောပါဗျာ"

>>> <<<

"Hello.."

"ဟျောင့် kao မင်း ငါလုပ်ခိုင်းထားတာ လုပ်ပြီးပြီလား"

"လုပ်ပြီးပါပြီ မင်းတို့နှစ်ယောက်အမြန်ညားဖို့
ငါတို့သူငယ်ချင်းတွေကကူညီရမှာပေါ့"

"သေချာပြင်ဆင်ထားနော်"

"အေး လုပ်ထားပါတယ်ဆို"

"ပြီးရော နောက်နာရီ၀က်လောက်နေရင်
ငါgulfနဲ့အတူလာတော့မှာ
မင်းတို့ကို အားကိုးပါတယ်ကွာ
ငါ့အတွက် အရေးကြီးလို့"

"သိပါတယ် စိတ်ချ
အိုခေမှာ စိုပြေပြီး တစ်ခါတည်း
‌မြေမြင်ပေါ်ကကောင်းကင်ထိ ပျံသန်းလောက်ထိ ပျော်ရွှင်ရလိမ့်မယ်"

"အေးအေး"

>>> <<<

"ကိုကို ဆိုင်ထဲမှာ လူနည်းသားပဲ
အေးဆေးထိုင်ပြီး လေညှင်းလေးပါခံလို့ရပြီ"

"Kanaလေးသဘောကျရဲ့လား
ကိုကို ဆိုင်သေချာရွေးထားတာ"

အစားအသောက်များလာချပေးသောအခါ
ဝိတ်တာလေးကို mewကမျက်စိမှိတ်ပြပြီး
အချက်ပြလိုက်တယ်

ဝိတ်တာကလည်း အိုခေဆိုပြီးလက်ထောင်ပြကာ ထွက်သွားတော့တယ်

"Kanaလေး စားကောင်းရဲ့လား
ပြီးရင် ဟိုဘက်နားမှာ ပန်းခြံသေးသေးလေးရှိတယ် သွားထိုင်ရအောင်"

"အင်း အင်း ခဏလေး အရင်စားအုံးမယ်
ပြီးမှသွားမယ်"

"ဟုတ်ပါပြီ အစားပုတ်လေး"

Gulfရဲ့ခေါင်းကိုဖွကာပြောလိုက်သည်။

"အခုမှပဲ ဗိုက်၀သွားတော့တယ်"

"ကိုကိုလမ်းလျှောက်မှာမလား
သွားမယ် မြန်မြန်သွားရအောင်
အိမ်ပြန်ပြီး အိပ်ချင်ပြီ"

Gulfရဲ့အကျင့်အတိုင်း
စားပြီးအဆီရစ်ရ်ျ အိပ်ချင်လာတယ်

"ဟယ်....လမ်းမှာလည်း နှင်းဆီပန်းဖတ်တွေပါလား နှမြောစရာကြီး ပန်းတွေကိုခြွေချထားတာ"

"ဟာ.... မီးပျက်သွားပြီ"

"ကိုကို! ကိုကို! ဘယ်မှာလဲ!"

ဘာမှဖြေသံမကြားရတော့
Gulfအနည်းငယ်ကြောက်စိတ်၀င်လာတယ်

မီးများပြန်လင်းလာချိန်....

ဖွင့်ဟထားသော လက်စွပ်ဘူးလေးနဲ့အတူ
Gulfရဲ့အရှေ့မှာ ဒူးထောက်ကာ....

"Do You Marry Me?"

"အဟင့်... ဟင့်... ကိုကို ဘာလို့ အင့်
ထိုင်နေတာလဲ ဟင့် ထတော့ အဟင့်"

ထရပ်လာသော Mewကိုဖက်ကာ

"ကိုကိုက...အဟင့် kanaကို အင့်
ကြိုလည်းမပြောဘူး ဟင့် လူဆိုး ဟင့်"

"ကြိုပြောရင် ဘယ်supriseဖြစ်တော့မလဲ
ဟဲဟဲ;"

"သွား! လာရီမနေနဲ့!"

"ခုနက ပန်းခင်းကရော
ကိုကိုလုပ်တာပဲလား?"

"အင်း ဟုတ်တယ်
Kanaလေး လျှောက်လမ်းမဲ့
လမ်းမှာ စူးညှောင့်ခလုတ်တွေမရှိဘဲ
ပန်းခင်းထားတဲ့လမ်းမှာ လျှောက်စေချင်တာ"

"ကိုယ်မေးထားတာဖြေပါအုံး
ကိုယ့်ကို လက်ထပ်မှာလား"

"အင်းးး"

"တကယ်ပေါ့ ပျော်လိုက်တာ
Kanaလေးရယ်"

Gulfရဲ့လက်သန်းကြွယ်မှာ
လက်စွပ်လေးစွပ်ပေးပြီး
Mewအတွက် ပါလာတဲ့
လက်စွပ်ကို Gulfလက်ထဲကိုထည့်ကာ
တဖန် Gulfက Mewရဲ့လက်သန်းကြွယ်မှာ လက်စွပ်လေးစွပ်ပေးလိုက်သည်။

ပန်းခင်းအလယ်မှာ
ချစ်သူနှစ်ဦးရဲ့ ကြင်နာတဲ့အနမ်းအထိအတွေ့
မေ့မရနိုင်တော့တဲ့ အမှတ်တရကောင်းတစ်ခုကို ဖန်တီးရင်း
သက်ဆုံးတိုင်အတူရှိကြမယ်လို့
ကတိသစ္စာတိုင်တည်ခဲ့ကြသည်။


မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now