Ep8(part2)

772 46 1
                                    

တနေကုန် mae ကို အိမ်အလုပ်
ကူလုပ်ပေးရင်း အချိန်ကုန်ခဲ့တယ်။

"သားလေး လမ်းထိပ်မှာ အပ်နဲ့အပ်ချည် သွားဝယ်ပေးပါအုံး။ mae မနက်က ဝယ်လာဖို့ မေ့သွားလို့"

"ဟုတ် mae"

အခုမှ စျေးကို တစ်ယောက်တည်း
သွားဖူးသည်။ အရင်က maeနဲ့ သွားဖူးပေမဲ့ လမ်းတော့မမှတ်မိတော့ဘူး။ ဟိုလူမေး
ဒီလူမေးနဲ့ပဲ ရောင်းတဲ့ဆိုင်ကို တွေ့ပြီး
ဝယ်လာခဲ့သည်။

အိမ်အပြန် လမ်းတွင် ကလေးတွေ ဘောလုံးကန်နေတာ တွေ့တော့ သူလည်း
ဝင်ကန်ချင်သည်။

"ဟေ့ ကလေးတွေ မင်းတို့ဆော့နေတာ
ငါပါလို့ရလား?"

"ရတာပေါ့ phi။ ဒါမဲ့ ကျတော်တို့ကို
ကလိမ်ကကျစ်ကျပြီး မဆော့နဲ့နော်"

"ဟား...ဟား...အေးပါကွာ။ ကလေးကို
ဗိုလ်ကျပြီး ဆော့ရအောင် ငါလည်း
မငယ်တော့ပါဘူးကွ"

ဘောလုံးကန်နေရရင်
အချိန်ကုန်လို့ကုန်မှန်းမသိ
အိမ်ပြန်ရောက်ရင် maeတော့ ဆူတော့မယ်။

>>>>>><<<<<<<

"ဟေး....mew မင်း အစောကြီး
အလုပ်ဆင်းလို့ပါလား။
ဘယ်သွားမလို့လဲ?"

"ဘာလဲ မဆင်းရဘူးလား?
အော်...မေ့လို့ မင်းကို
အကူအညီတောင်းစရာရှိလို့တယ်။
sue ငါ့ကို ဖုန်းဆက်တယ်။
သူ Cube barမှာ စောင့်နေမယ်
လာကြိုပါပြောတယ်။
အဲ့တာ ငါမသွားချင်လို့ မင်းပဲသွားလိုက်ပါ"

"ဟမ်? sueက မင်းရည်းစားလေ
မင်းသွားရမှာပေါ့။ ငါက ဘာကိစ္စ
သွားရမှာလဲ? ငါလည်း သွားစရာရှိတယ်။
နေ့လည်က မင်းကိုပြောထားတယ်လေ"

"မင်း gulfဆီသွားမယ်ဆိုတာ သိပါတယ်။
gulfက မနက်ဖြန် အလုပ်တက်မှာပေါ့။
ဒီနေ့ သွားတွေ့စရာမလိုပါဘူး။
ဘာလဲ မင်းက သူငယ်ချင်းအရင်းခေါက်ခေါက် ထက် အခုမှတွေ့တဲ့ ကောင်လေးကို ပိုခင်တွယ်နေတာလား!"

Kao မသွားနိုင်အောင်
Sueဆီတမင်သွားခိုင်းလိုက်တာ။
ပြီးတော့ သူ့ရဲ့ ခံစားချက်အမှန်ကို
အခုမှသိလို့ sueကို တွေ့ရမှာ
အားလဲနာတယ်။

"မဟုတ်ဘူးလေကွာ။အခုဟာက မင်းခိုင်းတာ အလုပ်ကိစ္စလည်းမဟုတ်၊ မင်းရည်းစားကို သွားတွေ့ခိုင်းနေတာ။မင်းဘာလို့ မသွားချင်တာလဲ အကြောင်းအရင်းပြောပြရင်
ငါစဥ်းစားပေးမယ်"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now