ep12

533 32 4
                                    

အဲ့အချိန်မှာ.....

Mewရပ်တန့်လိုက်မိတယ်
တခြားလူရဲ့အနမ်းတစ်ပွင့်ကို
ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုတည်းအတွက်နဲ့ မခိုးယူချင်ပါ

သူနဲ့ကိုယ်ရည်းစားဖြစ်သွားမှပဲ ဟွင်းးးဟွင်းးး
ငါဘာတွေလျှောက်တွေးနေတာလဲ ငါgulfကိုကြိုက်နေတာလား

မဟုတ်လောက်ပါဘူး ငါကအဖြောင့်စစ်စစ် မိန်းကလေးတွေနဲ့ပဲတွဲဖူးတာ
အနေနီးလို့ခဏတာရင်ခုန်သွားတာပဲဖြစ်မယ်

"အွန်းးးးအီးးးးး ဝှားးးးး "

အကြောဆန့်ပြီးသန်းနေတုန်း အခန်းရဲ့အနေအထားကိုကြည့်လိုက်သောအခါ သူ့အခန်းမဟုတ်မှန်းသိလိုက်ရတယ်။

"ဟမ်!  ငါဘယ်ရောက်နေတာလဲ?"

"နိုးပြီလား ရော့....ဆန့်ပြုတ်ပူပူလေးသောက်လိုက် ပြီးရင် ဆေးသောက်ပြီး ခဏမှေးရင်မှေးနေ"

"ချင်းမိုင်သွားမဲ့ကိစ္စက နေ့လည်လောက်မှသွားဖြစ်မယ် မင်းလဲနေမကောင်းဖြစ်နေတော့ အနားယူရအောင်လို့"

"ရပါတယ် ကျွန်တော်နေကောင်းနေပြီ"

"မရဘူး ငါနေ့လည်သွားမယ်ဆိုနေ့လည်ပဲ"

အခေါ်အဝေါ်ပြောင်းနေသောmewကြောင့် gulfနည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်gulfနဲ့ဝေးနိုင်သမျှဝေးအောင်နေရမယ် အရင်ကတော့ စနောက်ချင်လို့ အနီးနားမှာနေပေမဲ့ အခုတော့ ကိုယ့်စိတ်ကိုယ်တောင်မသိတော့တဲ့အခြေအနေတစ်ခုကိုရောက်နေပြီ။

နေ့လည်ရောက်တော့....

"ငါပဲမောင်းမယ် မင်း နေမကောင်းတော့ ကားမောင်းရင် အန္တရာယ်များတယ်
ငါမိန်းမမရဘဲမသေချင်သေးဘူး"

"ဟုတ်ကဲ့ပါ"

အေးပေါ့လေ သူ့မှာပိုင်ရှင်ကောင်မလေးရှိတော့လဲ ကိုယ်ကပဲကြိုးစားပြီးလက်လျှော့ရမှာပေါ့ ကိုယ်ကသာကားမောင်းနေတာ ဘေးကပါလာတဲ့အကောင်ပေါက်ကတော့အိပ်မောကျနေပြီ။အိပ်ပျော်နေတဲ့အချိန်ဆိုသိပ်ချစ်ဖို့ကောင်းတာပဲ။

"gulf ထတော့ ရောက်ပြီ အိပ်ချင်ရင် hotelရောက်မှဆက်အိပ်"

Hotelရောက်တော့ မောင်မင်းကြီးသားkaoကိုတွေ့ပါသည်။
ဒီကောင်ဘာကိစ္စလိုက်လာတာပါလိမ့်

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now