Ep7

717 48 3
                                    

ကော်ဖီကို သောက်ကြည့်လိုက်တော့ ဆားငံရေသောက်ရသလို ခံစားချက်မျိုးရသည်။

"ဘာလို့ ငံနေတာလဲ?"

နေပါအုံး ငါထည့်လိုက်တာ ဟိုလူကြီး ခွက်ထဲပါ ဘာလို့  P'mewခွက်ထဲ ရောက်သွားတာလဲ?ခွက်မှားချမိတာလား? သူများကို ပညာပေးချင်တာ။ အခုတော့....ကိုယ်ပဲ ပြန်ထိပြီ။

"gulf ဖျော်လာတာလေ။
ကိုယ်က ဘယ်လိုလုပ်သိမလဲ"

"ဆား နဲ့ သကြား မှားထည့်မိတာထင်တယ်။
ဟီး...ဟီး..."

သောက်စေချင်တာတစ်ယောက် သောက်မိတာတစ်ယောက်ဖြစ်‌ေနတယ်။သောက်မိတဲ့လူက တခြားလူမဟုတ် ကိုယ့်ရဲ့ ချစ်လှစွာသောcrushလေး။
ဟူး...မလွဲရရင်မနေနိုင် ကနာဝပ်။
ဒါမဲ့ အလွဲကောင်းလေးပါပဲ။ ဘာပဲဖြစ်ဖြစ် Phiကိုတစ်ရှုးနဲ့ သုတ်ပေးတုန်းက ကိုင်လိုက်ရတယ်။ ဟီးဟီး...ပါးကိုပြောတာပါ။
ပါးလေးက နူးညံ့နေတာပဲ ကိုင်လို့ကောင်းလိုက်တာ။

"gulf ကော်ဖီလေး ပြန်သိမ်းသွားလို့ရပြီ။
ပြီးရင် စာရင်းယူလာခဲ့ပေးအုံး ပြန်စစ်မလို့"

"krub phi..."

Kaoကတော့ ဘာမှဝင်မပြောဘဲ နားထောင်နေသည်။ gulf ဆီကနေ အကြည့်မခွာနိုင်ဖြစ်နေတာလို့ ပြောရင်ပိုမှန်လိမ့်မည်။

"ဟျောင့်! မင်းစဥ်းစားပြီးပြီလား?"

"အော်...အဲ့တာပြောဖို့လာတာ
မင်းပြောထားတာ လက်ခံတယ်။
ငါလည်းအားနေတာ။
ပြီးတော့... မင်း လိုအပ်နေတဲ့
အချိန်ဆိုတော့ လက်ခံလိုက်ပါမယ်"

"ကျေးဇူးပဲ။ ငါလည်း တိုင်ပင်စရာဆိုလို့
မင်းပဲ ရှိတယ်။ ဟိုကောင် lhongက သူ့အလုပ်နဲ့ သူရှုပ်နေတာ။
အဲ့တာကြောင့် သွားပြီးအပူမကပ်ချင်ဘူး"

"ရပါတယ်။ မင်းကြောင့် ငါ့ရဲ့  ဖူးစာရှင်လေးကို တွေ့သွားတာ"

kaoခေါင်းကို တစ်ချက်ရိုက်လိုက်သည်။

"မင်းက အလုပ်လာ လုပ်မှာလား?
ဖွန်လာကြောင်တာလား?"

"အစကတော့ အလုပ်လာလုပ်တာပဲ။
အခုတော့ ဖွန်ကြောင်တာက အဆစ်ပါသွားတာ။ ပြောစရာရှိတာ ပြောပြီးပြီဆိုတော့
ပြန်တော့မယ်"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now