ep11

433 25 0
                                    

"gulf ဒီနေ့ နောက်ကျတာလား?"

"ဟုတ်တယ် phi အိပ်ရာထနောက်ကျသွားလို့"

မနေ့ကgulfမိုးမိပြီးကိုယ်လက်ကိုက်ခဲကာ
မနက်အိပ်ရာထလို့နောက်ကျခြင်းဖြစ်သည်။

"ceoခေါ်နေတယ် သူ့ရုံးခန်းထဲလာခဲ့အုံးတဲ့ သွားလိုက်အုံး"

"ဟုတ်ကဲ့ "

ဒေါက်.....ဒေါက်.....

"၀င်ခဲ့ပါ...."

"ဟိုလေ p'mewခေါ်တယ်ဆိုလို့ ကျွန်တော့်ကိုဘာခိုင်းစရာရှိလို့လဲ"

"အော်.....အဲ့တာလား မနက်ဖြန် ကိုယ်နဲ့အတူချင်းမိုင်သွားရမယ် ရင်းနှီးမြှပ်နှံမဲ့လူနဲ့သွားတွေ့ရမှာ"

"ဟုတ်ကဲ့ လိုအပ်တာတွေကျွန်တော်ပြင်ဆင်ထားလိုက်ပါမယ်"

"ဒါဆို သွားလို့ရပြီလား"

Gulfပြောပြီးလှည့်အထွက် နောက်ကနေmewကထလာပြီး gulfလက်ကိုလှမ်းဆွဲလိုက်တယ်။

GulfခဗျာMewရဲ့ရင်ခွင်ထဲကိုတန်းရောက်သွားလေသည်။
Gulfကလူကောင်မသေးပေမဲ့Mewနဲ့ယှဉ်လိုက်ရင်ဘာလို့သေးတာလဲသူ့ကိုယ်သူလဲ
စဉ်းစားမရဘူး။

အရပ်တောင်2cmလောက်mewထက်မြင့်တာကို mewနဲ့ယှဉ်လိုက်ရင်gulfဟာအရာရာသေးငယ်သွားတယ်။

"ဟို ......ဟိုလေ......ပြောစရာမရှိတော့ဘူးမလား အပြင်မှာလုပ်စရာရှိသေးတယ် သွားတော့မယ်"

"နေအုံးးးး"

Gulfမျက်နှာနားတဖြည်းဖြည်းနီးကပ်လာတဲ့Mewကြောင့် Gulfမနေတတ်တော့ဘူး
မနေ့ညကmewကိုမကြိုက်တော့ဘူးလို့
ဘယ်နှကြိမ်ဘယ်နှခါပဲစိတ်ထဲ‌မှာတွေးတွေး တကယ်တမ်းကျ ဦးနှောက်ထက်နှလုံးသားကပိုအလေးသာနေတော့မေ့မရတာခက်တယ်ဗျာ။

"အာ....p'mewဘာလုပ်မလို့လဲ"

အစကတော့သူနှာချေနေလို့ အဖျားရှိမရှိတိုင်းမလို့ပဲ သူ့အားအလန့်တကြားအော်နေတဲ့အကောင်ပေါက်ကိုအသည်းယားလာကာ ပါးကိုဆွဲညှစ်ထားလိုက်တယ်။

"ဘာတွေများစားလို့ အဲ့ပါးမို့မို့လေးတွေရှိနေတာလဲ အဲ့ပါးမို့မို့လေးအိလားမအိလားသိချင်လို့စမ်းကြည့်တာ"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now