ep13

604 24 0
                                    

"p'mew ထတော့ Mr.Jayနဲ့သွားတွေ့ရမယ်"

"Krub...."

အိပ်ရာပေါ်မှထလာပြီး Gulfပါးလေးကိုနမ်းကာ ရေချိုးခန်းထဲ၀င်သွားသောMew

"Morning Kissလေး မွ....."

"အာ...p'mew....."

ရင်တထိတ်ထိတ်နဲ့ကျန်ရစ်ခဲ့သောgulf
P'mewကလေ သိပ်ဆိုးတာပဲ အရင်ကလဲ နာကျင်မှုတွေပေးသလို....

အခုလဲ ပျားရည်သကဲ့သို့ချိုမြိန်သော ခံစားချက်တွေကိုပေးပြန်ပြီ

"မင်းတို့ ဘာလို့ကြာနေတာလဲ ပြောတော့
အလုပ်ကိစ္စနဲ့လာတာဆို အခုဘယ်နှနာရီထိုးနေပြီလဲ ကြည့်စမ်း"

"nong gulf ဘာစားမလဲ phi ဘာမှာပေးရမလဲ"

Kaoအပြောကို Mewမျက်နှာကြီး ရှုံတွကာ

"ဟျောင့် မင်းအပိုတွေလုပ်မနေနဲ့ အရမ်းအားနေပြန်အိပ်နေ"

"မအိပ်ပါဘူး မင်းတို့နောက် ငါလဲလိုက်မှာ"

"မရဘူး မင်းပါရင် လိုက်ရှုပ်နေမှာ နေခဲ့"

"ရတယ်လေ ဒါမဲ့ မင်းအလုပ်ကိစ္စပြီးသွားရင်တော့ nong gulfကို ငါ့ကိုပေး"

"မပေးဘူး"

"ပေးလို့"

မိမိကို အရုပ်သဖွယ် လုနေသော
ထိုသူငယ်ချင်းနှစ်ယောက်ကြောင့် ၀င်တားရတော့သည်။

"Phiတို့ တော်တော့ လူကို အရုပ်ထင်နေလား လုနေကြတာ"

"ဘယ်သူနဲ့မှမလိုက်ဘူး ပြီးရင် အိမ်ပြန်မယ် အိပ်မယ် ဒါပဲ"

ပြော"ဆို"နဲ့ထွက်သွားသော gulfနောက်ကို mewပြေးလိုက်ခဲ့ရတယ်

ဒီကောင်လေးစိတ်ကြီးပဲ ဒေါသလဲကြီးလိုက်တာ

ကားပေါ်တွင်

"gulf စိတ်ဆိုးသွားတာလား
ဟိုကောင်kaoကတော့ gulfကို
အရုပ်လို သဘောထားချင်ထားလိမ့်မယ်"

"ကိုယ်ကတော့ gulfလေးကို
ကိုယ့်ရဲ့အနာဂတ်သတို့သားလောင်းလေးလို့သဘောထားတယ်"

"တော်တော့...... အဲ့လိုစနောက်နေရင် မလိုက်တော့ဘူး p'mewဘာသာသွားတွေ့တော့
ဆင်းမယ်"

"အိုခေ အိုခေ ကိုယ်မပြောတော့ပါဘူး
ဟုတ်ပြီလား"

*Time Skip*

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now