Ep5

697 51 0
                                    

အတွေးလွန်နေတုန်း P'Han လက်တို့ပြီး သတိပေးမှပဲ အသိပြန်ဝင်တော့တယ်။

" gulf ဘာတွေ တွေးနေတာလဲ?
အလုပ်ပြန်လုပ်လို့ရပြီ"

"နည်းနည်း အတွေးလွန်သွားလို့ပါ။
အလုပ်သွား ပြန်လုပ်တော့မယ်"

"အေးပါ အေးပါ"

"အလုပ်အကြောင်း အကုန် သိနေတာဆိုတော့ ဘာမှ သင်ပေးစရာ မရှိလောက်ပါဘူး။
မသိတာရှိရင်တော့ daddyကို မေးပေါ့"

"ဟုတ်ကဲ့ပါ daddy...."

နေ့လည်ရောက်တော့ P'Hanမှာထား တဲ့အတိုင်း Boss အခန်းထဲကို ကော်ဖီ တစ်ခွက် ဖျော်ပြီးသွား ပို့ပေးရမယ်။ တံခါးခေါက်ပြီး Bossကို ဝင်လာလို့ရလားခွင့်တောင်းလိုက်သည်။

"boss ကော်ဖီ လာပို့တာပါ။"

"အင်း ဝင်လာခဲ့"

"boss ကော်ဖီ ထားခဲ့​ပြီနော်"

P'mewအလုပ်ရှုပ်နေတာ မြင်တော့
ကော်ဖီ ထားပြီး အခန်းထဲက
ပြန်ထွက်လာတယ်။
အလုပ်မှာ အာရုံစိုက်ပြီး လုပ်နေတာတောင် phiက အရမ်း ချောမောလွန်းတယ်။
phi ဘာလုပ်လုပ် ဆွဲဆောင်မှု ရှိနေတာပဲ။

"phi အကြောင်း တွေးနေတာ တော်သင့်ပြီ။ ဆက်တွေးနေရင် ငါ အလုပ်ပြီးတော့မှာ မဟုတ်တော့ဘူး"

မနက်က Daddyကို ပြောထားတဲ့ ကိစ္စကို
အကောင်အထည်ဖော်ရန် kao ဆီကို
ဖုန်းဆက်လိုက်တယ်။

"hello"

"kao မင်း အခုတလော အားတယ်မလား?"

"အားပါတယ် ဘာဖြစ်လို့လဲ?'

"ဒီလိုလေကွာ မင်းလဲ အားနေတယ်။
ငါ့ company မှာလဲ မန်နေဂျာ လိုနေတာ အံကိုက်ပဲ"

"အဲ့တော့...."

"အဲ့တော့ မန်နေဂျာ လုပ်ပေးပါနော်...
နော်..."

"စဥ်းစားလိုက်အုံးမယ်။
ငါလည်း ဆိုင် ဖွင့်မလား စဥ်းစားနေတာ"

"မင်းက ဘာဆိုင် ဖွင့်ချင်လို့လဲ?
ကိုယ်ပိုင် ဆိုင်ဖွင့်တာ ကောင်းပါတယ်။
ဒါမဲ့ ကိုယ်တိုင် ဦးစီး ရတော့ နည်းနည်း အလုပ်ရှုပ်မှာပေါ့။ငါ့ဆီမှာ လာလုပ်ရင်
မင်းလည်း အဖော်ရ၊ ငါလည်း အဖော်ရ အလုပ်တိုင်ပင်ပြီးလုပ်လို့ရတယ်။
မင်း ကိုယ်ပိုင်ဆိုင်က အသက်အရွယ်
နည်းနည်းရလာရင် ဖွင့်လို့ရပါတယ်။
ငါ့ဆီမှာ လာလုပ်ပါနော်...."

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now