Ep9

924 43 5
                                    

"ဟဲ့! သား အိမ်ထဲဝင်လာတာ ပြုံးစိပြုံးစိနဲ့ ဘာဖြစ်လာတာလဲ?ပိုက်ဆံကောက်ရလာလို့လား?"

"ဟာ...မဟုတ်ပါဘူး maeရာ။ဒီတိုင်း ပျော်စရာ ကိစ္စလေးရှိလို့ပါ။ဒီမှာ mae ဝယ်ခိုင်းလိုက်တဲ့ အပ်နဲ့အပ်ချည်"

Gulfရှက်ရှက်နဲ့maeကိုပြောပြီးအပေါ်သို့ပြေးတက်လာခဲ့သည်။

"ဒီကောင်လေးနဲ့တော့ ဘာဖြစ်မှန်းမသိဘူး။ စျေးလေးတစ်ခါသွားခိုင်းလိုက်ပါတယ် အကြာကြီးပဲ ပြန်လာတော့လဲ မျက်နှာနီကြီးနဲ့ ပြုံးစိပြုံးစိဖြစ်နေလို့ မေးတော့လည်း ကောင်းကောင်း ပြန်မဖြေဘဲ အပေါ်ကိုပြေးတက်သွားတယ်။
ဟွန်း~~ မလွယ်ဘူး"

ဟူး...ရင်ခုန်တာ အခုထိမရပ်သေးဘူး။ p'mew ဘာမှမလုပ်ရသေးဘူး သူနဲ့အတူရှိနေတာနဲ့တင် ငါနှလုံးသားကြီး အပြင်ပေါက်မထွက်ရုံပဲ တော်ပြီ တော်ပြီ gulf မစဥ်းစားနဲ့တော့ အိပ်သင့်ပြီ။

>>>>>><<<<<

Gulfကိုလိုက်ပို့ပြီးအပြန်လမ်းမှာSueဖုန်းဆက်တာနဲ့Sueဆီသွားရသေးတယ်။

"mew။ sue ဒီမှာ"

သူ့ကိုလက်လှမ်းပြပြီးခေါ်နေတဲ့sueကိုပြန်လက်ပြပြီးနှုတ်ဆက်ကာsueရှေ့ကခုံမှာဝင်ထိုင်လိုက်တယ်။

"sue ဘာစားမလဲ? မှာပြီးပြီလား?"

"မှာပြီးပါပြီ mewအတွက်ရောပဲ။
ဒါနဲ့ ပြောစရာရှိတယ်"

"အင်း ပြောလေ sue"

"မာမီက sueကို သူရှိတဲ့အမေရိကကို
ခဏလာဖို့ခေါ်လို့ sueသွားရမယ်"

"အင်း။သွားလေ"

"mew တကယ်ပဲ sueကို ပြောစရာမရှိဘူးလား? မသွားပါနဲ့လို့ မပြောတော့ဘူး! ဘာကိစ္စနဲ့ သွားမှာလဲ မမေးတော့ဘူးလား? mewက sueကို ဂရုမစိုက်ဘူးပဲ။ sueဘက်ကသာ mewနဲ့ ပတ်သက်သမျှ အသေးစိတ်ကအစ လိုက်ဂရုစိုက်ပေးခဲ့တာ"

ကိုယ်ချစ်တဲ့လူဆီက မသွားပါနဲ့လို့ တားတာလေးတော့ခံချင်မိတယ်။ ဂရုစိုက်ပြီးသွားပါလို့တောင် မပြောနိုင်ဘူးလား။

"ကိုယ့်ဘက်က ဘာမှားသွားလို့လဲ?sue မာမီရှိတဲ့ နေရာကိုသွားမှာမလား။အဲ့တော့ ကိုယ်က sueရယ် မသွားပါနဲ့ ကိုယ့်အနားကနေ မထွက်သွားပါနဲ့ မထားခဲ့ပါနဲ့လို့ ပြောရမှာလား? သွားတာလဲ ခဏတာပဲမလား။ ဟိုရောက်ရင် ကိုယ့်ဆီ vc call ခေါ်လို့ရတာပဲ"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now