Ep4

739 48 3
                                    

"မိန်းမရေ သားကို သွားနှိုးလိုက်ပါအုံး"

"နိုးလောက်ပါပြီ။ ခါတိုင်းလဲ
ဒီအချိန်မှ ဆင်းလာနေကျပဲ။
ခဏစောင့်လိုက်ပါ"

"အေးအေး ပြီးတာပဲ။
ကိုယ် ရုံးသွားရတော့မှာ နောက်ကျနေပြီ။
မင်း သားက ပြောစရာရှိတယ်ဆိုလို့
စောင့်နေတာ"

"ရှင်လည်း အဲ့အလုပ်ပဲ ဂရုစိုက်နေ။
ခရီးက ပြန်ရောက်ပြီးတည်းက သားနဲ့
ဘယ်နှခါ တွေ့ပြီးပြီလဲ?"

ဟုတ်တော့ဟုတ်သား။
ခရီးက ပြန်ရောက်ပြီး သားလည်း
သူ့အလုပ် နဲ့ သူရှုပ်နေတယ်။
ကိုယ်လည်း ရုံးမှာ အလုပ်တွေ
မပြီးပြတ်သေးတာနဲ့ လုပ်နေရတာ
အခုထိမတွေ့ရသေးဘူး။

"ရုံးမှာ ကိုယ်မရှိရင် မဖြစ်ဘူးဆိုတာ
မင်းလည်းသိနေတာပဲ။
သားလဲ နားလည်မှာပါ "

"ဟိုမှာ ရှင့်သား ဆင်းလာပါပြီ"

"Pho / Mae Morning~~~"

"သား Phoကို ပြောစရာရှိတယ်ဆို"

"ဟုတ်တယ် pho။ အလုပ်နဲ့ အိမ်ဝေးတော့ condoမှာ ပြောင်းနေမလား စဥ်းစားနေတာ။ condoနဲ့ အလုပ် နီးတော့ သိပ်မပင်ပန်းတော့ဘူးပေါ့။ အဲ့တာ maeဆီကတော့ ခွင့်ပြုချက်ရပြီးပြီ။ pho ခွင့်ပြုမပြုသိရမှ သား ပြောင်းနေလို့ရမှာ"

"အိမ်ကနေ သွားရတာ အဆင်မပြေလို့လား? သားမှာ ကားလည်းရှိတာပဲ ကားနဲ့ဆို မြန်ပါတယ်"

"phoရယ် ကားနဲ့မြန်တာသိပါတယ်။ တခါတလေ ကားပိတ်တယ်။ ဟော...အိပ်ယာထနောက်ကျတဲ့နေ့ဆိုအလုပ် နောက်ကျမှာပေါ့ "

"အဲ့တာကြောင့် Phoရဲ့  Company မှာပဲ အလုပ်ဝင်လုပ်ပါလို့ ပြောပါတယ်"

"သားက အတွေ့အကြုံ အသစ်ရချင်လို့ပါ။ တစ်ချိန်ကျရင် Pho Company ကို
သားပဲ ဦးစီရမယ်ဆိုတာသိပါတယ်။
တစ်ခြားနေရာမှာ အလုပ်ဝင်လုပ်တော့
မတူညီတဲ့ အခွင့်အလမ်း၊
အတွေးအခေါ် အသစ်တွေရတာပေါ့"

"အေးပါ။ စကားတတ်လေး"

" Pho...ခွင့်ပြုမယ်မလား?"

"သား အဆင်ပြေရင် ပြီးတာပဲ။
ဒါမဲ့ ပိတ်ရက်တော့ အိမ်ပြန်လာရမယ်"

"ဟုတ်ကဲ့ပါ"

"သား ဘာထပ်ပြောစရာ ရှိသေးလဲ?"

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now