Ep-14

344 17 0
                                    

Time Skip.....

Mew ဒီမနက် gulfဆီက
အဖြေရမှာမို့လို့ ရင်ခုန်စွာနဲ့
gulfအိမ်ရှေ့သို့ရောက်နေသည်

Gulfအိမ်ထဲကနေ ထွက်လာပြီး
သူ့ဆီသို့ရောက်ဖို့ ခြေလှမ်းတစ်လှမ်းလိုက်တိုင်း သူရင်လည်းတုန်သလို
ကြောက်လည်းကြောက်မိတယ်

"P'mew.... အစောကြီးရောက်နေပါလား"

"ကိုယ် အစောကြီး gulfကို လာကြိုရတဲ့ အကြောင်းအရင်းတော့ gulf သိလောက်မယ်ထင်ပါတယ်"

"ဟာ....p'mewကလည်းးးး"

Gulf ရှက်ရှက်နဲ့ ကားပေါ်ပြေးတက်သွားလေသည်
Mewလည်းကားပေါ်ရောက်သောအခါ
စကားစမိလိုက်သည်

"Gulf.... Phiကိုအဖြေပေးမယ်ဆို
ဘာလို့ကျောက်ရုပ်ကြီးအတိုင်း‌
နေနေတာလဲကွာ"

"ပေးမှာပါ ဒါမဲ့ စဉ်းစားနေတာ"

"Gulfက ကိုယ်မင်းကိုချစ်တာ မယုံလို့လား
ဘယ်လိုသက်သေပြရမလဲ"

"မဟုတ်ပါဘူး ဒီအတောအတွင်း
p'mewဆီက ကြင်နာမှု၊ဂရုစိုက်မှုတွေ ရခဲ့ပါတယ်"

"တကယ်လို့ ကျွန်တော်တို့ တွဲပြီးပြတ်သွားခဲ့မယ်ဆိုရင် ရှေ့လျှောက် ဒီလိုဆက်ဆံရေးတောင်ရှိပါ့တော့မလားလို့ပါ"

"ကိုယ်ကတော့ မင်းကိုဘယ်တော့မှ
ခွဲမသွားဘူး မင်းကိုချစ်တာ ကိုယ့်ဘ၀
တသက်တာပဲ"

"Gulfက ကိုယ့်ကိုမချစ်လိုါလားဟင်...."

"အဲ့လိုလည်းမဟုတ်ပါဘူး
ဒီတိုင်းးး ကျွန်တော်ကအတွေးသမားဆိုတော့
ရေရှည်ကို တွေးကြည့်တာပါ"

"ချစ်တိုင်းလည်းမညားသလို
ညားတိုင်းလည်းမချစ်ကြပါဘူး"

"လူနှစ်ယောက်ပေါင်းဖက်ဖို့
ကံဆိုတာလည်းပါသလို
ဖူးစာပါမှလည်းညားမှာပါ"

"Gulfရယ် အရမ်းကြီးမတွေးပါနဲ့
အခု gulfဖြစ်နေတဲ့ ခံစားချက်အတိုင်းပဲ
Phiကိုပြော..."

"အကယ်ရ်ျ အခက်အခဲအတားအစီး
တွေရှိခဲ့ရင်တောင် ကိုယ်တို့အတူ
ကျော်ဖြတ်လို့ရတာပဲ"

"ဟုတ်ပါပြီ p'mewရယ်
gulfကတွေးမိတာလေး ပြောပြတာပါ"

Gulf‌လက်လေးကို ညှင်သာစွာ
စုပ်ကိုင်လိုက်တော့
Gulf အနည်းငယ်လန့်ပြီး
ရုန်းလိုက်မိသည်။

"gulfအဖြေကို ကြားရမှာ
ရင်တုန်လို့ လက်လေးခဏကိုင်မယ်နော်"

"ကျွန်...ကျွန်တော်....
p'mewကို ချစ်တယ်"

"အမ်.... တကယ်လား ကိုယ်နားကြားမှားတာတော့မဟုတ်ဘူးမလား"

"‌အင်း..."

"ပျော်လိုက်တာ gulfရယ်"

Gulfနဲ့Mew companyသို့ရောက်သောအခါ

"P'mew....လက်လွှတ်အုံးလေ
သူများတွေမြင်ကုန်မယ်"

တော်သေးသည် gulfတို့ရောက်တာ
စောတော့ ရုံးတွင် မည်သူမှမရောက်သေး

"မြင်ပါစေ ဟော့ ဒီက ချစ်ဖို့ကောင်းတဲ့
ကောင်လေးကို ပိုင်ဆိုင်ထားရတာ တခြားလူလုယူသွားရင် ဘယ်လိုလုပ်မလဲ"

"Gulfက ကိုယ့်အပိုင်ဆိုတာ တလောကလုံးကြားအောင် အော်ပြောလို့ရရင် ပြောလိုက်ချင်တယ်ကွာ"

"ဒါမဲ့... ကျွန်တော်တို့ နှစ်ယောက်တွဲတာ
လျှို့ဝှက်ထားချင်တယ်"

"အင်းပါ gulfသဘော..."

"အခေါ်အဝေါ်လေးတော့ ပြောင်းချင်တယ်
Gulfက ကျွန်တော် ကျွန်တော်နဲ့ပြောနေတာ
ကိုယ့်ကို ကိုကိုလို့ခေါ်ပါလားဟင်..."

"ဟာ...p'mewကလည်းး ဒီနေ့မှ ရည်းစားဖြစ်တာကို အခေါ်အဝေါ်က တဖြည်းဖြည်းနဲ့ပြောင်းလို့ရပါတယ်"

"အခု ကျင့်သားမရသေးလို့
ခေါ်ရမှာ အသည်းယားစရာကြီးးး"

"ခေါ်ပါနော် ကိုကိုလို့ အခုတည်းက ခေါ်ထားရင် တဖြည်းဖြည်း ကျင့်သားရသွားလိမ့်မယ်"

"Gulfက ကိုယ့်ကို မချစ်ပါဘူးလေ
ရပါတယ် gulfအဆင်ပြေမဲ့အချိန်မှ ခေါ်ပါ"

Mewစိတ်မကောင်းဖြစ်သွားတဲ့
မျက်နှာလေးမြင်ရတော့လည်း
Gulfမှာမနေနိုင်တော့...

"ကို....ကိုကို"

"အခုကျေနပ်ပြီလား
ခေါ်ပြီးပြီနော် p'mew အယ် မှားလို့
ကိုကို ကရော ကျွန်တော့ကိုဘယ်လိုခေါ်မှာလဲ"

"ကိုကိုကလား အွန်းးးးး
Baby kanaလို့ခေါ်မယ်လေ"

"ကိုကို့ရဲ့ ကောင်လေးက
ကလေးလေးနဲ့တူသလို သိပ်ချစ်ဖို့ကောင်းလွန်းလို့ အသည်းယားပြီး ဖက်နမ်းချင်တာပဲ သိတော့တယ်ကွာ"

"မွမွ...မွမွ..."

ပြောလည်းပြောပြီး gulfကို ဆွဲဖက်ကာ
နမ်းနေလေသည်။

မေ့မရနိုင်သော အချစ်ဦးWhere stories live. Discover now