ခင်မင်ရင်းနှီးစပြုလာခြင်း

2.6K 156 10
                                    

"ခိုင်ရေ...နုတို့လာတယ်"

ခိုင်ခံ့မောင် တစ်ယောက် နေ့လယ်စာစားပြီး အခန်းထဲမှာ အေးအေးလူလူ ကာတွန်းစာအုပ်ထိုင်ဖတ်နေတုန်း အိမ်ရှေ့မှထွက်ပေါ်လာသောအသံကြောင့် နားစွင့်မိသည်။

"ဟယ်...နုနု...ခုမှပဲပေါ်လာတော့တယ်ဟာ။သားလေးလည်းပါတာကိုး။"

မေမေ့ အသံကြားတော့ ခိုင်ခံ့ အခန်းဝအထိ စပ်စပ်စုစု ခေါင်းပြူကြည့်မိသည်။
ဧည့်ခန်းတွင်ထိုင်နေကြသော ဟိုကောင်လေးခွန်မြဲဟိန် နှင့် သူ့မေမေဖြစ်ပုံရသည့် အမျိုးသမီးတစ်ယောက်။

"ဟုတ်တယ် ခိုင်ရေ...သားကျောင်းပိတ်တဲ့နေ့မှ အေးဆေးလာရတယ်။ဒါနဲ့ သားခံ့ နဲ့ ခိုင့်အိမ်ရှင်ရော မတွေ့ပါလား။အငယ်မလေးရော ဘယ်နှတန်းရောက်ပြီလဲ"

"သွင်လေးနဲ့ သူ့ဖေဖေက သူ့အဖိုးအိမ် ခဏဆိုပြီး သွားကြလေရဲ့။ညနေဘက်မှပြန်ရောက်မယ်ထင်ပါရဲ့။သားကြီးကတော့ အခန်းထဲအောင်းနေတယ် နုရဲ့။"

အန်တီခိုင်က မေမေနဲ့သူ့ကို အိမ်ပေါ်သို့ဦးဆောင်၍ ခေါ်လာသည်။

အိမ်က သစ်သားအိမ်ဆိုသော်လည်း ခြေတံရှည်အိမ် ခပ်မြင့်မြင့်ဖြစ်၍ ကြည့်၍ပင်ကောင်းနေသည်။

လှေကားမှတက်၍ အိမ်ထဲသို့ ဝင်ဝင်ချင်း မျက်နှာချင်းဆိုင်တွင်အတန်ငယ်ကျယ်ဝန်း၍ သပ္ပာယ်လှသော ဘုရားစင်တည်ရှိသည်။

ဘုရားစင်၏ လက်ယာဘက်(ဝရံတာနှင့်နီးရာဘက်)နားတွင်တော့ တီဗွီစင်တစ်ခုရှိသည်။

တီဗွီစင်၏ ရှေ့တွင် နောက်မှီပါ သစ်သားခုံရှည်နှစ်လုံးကို အလယ်တွင် သစ်သားစားပွဲပုတစ်လုံး ခြားပြီး မျက်နှာချင်းဆိုင်ကာ ချထားသည်။

ထိုင်ခုံရှည်အား ကိုယ်တိုင်ချုပ်လုပ်ထားဟန်ရှိသော ထိုင်ခုံစွပ်အဖြူစွပ်ထားသည်က တစ်မျိုးကြည့်ကောင်းနေသည်။

နံရံတွင်တော့ အန်တီခိုင့် ဘွဲ့ဓာတ်ပုံနှင့်
အန်တီခိုင့်အမျိုးသားဖြစ်ပုံရသော အမျိုးသားကြီးတစ်ဦး၏ ဘွဲ့ဓာတ်ပုံကို ဘေးချင်းယှဥ်လျက် ချိတ်ဆွဲထားသည်။

အန်တီခိုင်သည် ထိုစဥ်က တော်တော်ကိုလှပသော အမျိုးသမီးဖြစ်သည်ဟု ခွန်မြဲ စိတ်ထဲမှ ချီးကျူးမိသည်။

ခိုင်မြဲစေလို...Where stories live. Discover now