မခွဲအတူ

1.7K 111 0
                                    

"ပျင်းနေပြီလား..."

အသံလာရာအခန်းဝကို လှည့်ကြည့်မိတော့ မျက်ချေးပေလေးက ရေစက်ရေပေါက်များတွဲခိုလျက် သန့်ရှင်းနေပြီ။

"မပျင်းပါဘူး...ဒါနဲ့ မနက်စာမစားဘူးလား"

ခိုင်ခံ့ မေးလိုက်တော့ ခွန်မြဲက ပခုံးတွန့်ပြီး
မင်းနဲ့အတူစားမလို့ ဟုဆိုလာသည်။

ငါက စားပြီးပြီ ဟုပြန်ပြောလိုက်တော့ စူပွပွလေးပြန်ကြည့်သည်။

ခွန်မြဲသည် သူ၏အခန်းထောင့်ရှိ ဗီရိုမှ အဝတ်တစ်စုံထုတ်လိုက်ပြီး ညအိပ်ဝတ်စုံကို ကြယ်သီးတစ်လုံးချင်းဖြုတ်နေသည်မို့ ခိုင်ခံ့ စာအုပ်ပုံသို့သာအကြည့်လွှဲလိုက်သည်။

နံရံပေါ်တွင် ခွန်မြဲ၏ လွယ်အိတ်အစိမ်းလေးကိုတွေ့ရသည်မို့ ဘာရယ်မဟုတ် ဖြုတ်ယူလိုက်သည်။

"မင်းက တစ်ဦးတည်းသောသားပေါ့"

ခိုင်ခံ့မောင်သည် ခွန်မြဲဟိန်၏ လွယ်အိတ်ဇစ်ကို ကလိရင်းမေးနေသော်လည်း အိတ်ပိုင်ရှင်က အနည်းငယ်မျှပင် ဟန့်တားခြင်းပင်မပြု။

"အင်း...ငါငယ်ငယ်တည်းက တစ်ယောက်တည်းဆော့တော့ အရမ်းပျင်းစရာကောင်းတာ
ငါ၄တန်းနှစ်မှာပဲ ဖေဖေ ဆုံးသွားတာ"

ခွန်မြဲ လေသံက ပုံမှန်ထက် တိုးနေသည်မို့ ခိုင်ခံ့ ပင်စိတ်မကောင်းဖြစ်မိသည်။

"စိတ်မကောင်းပါဘူး။ဒါပေမယ့် အခု ငါရှိပါတယ်။ငါက မင်းနဲ့ အစ်ကိုလို လျှောက်သွားပေးပြီး
အဖေလို စောင့်ရှောက်ပေးမယ်လေ"

ခိုင်ခံ့ သူ့ရှေ့ကကောင်လေးကို နူးနူးညံ့ညံ့ကြည့်လိုက်ပြီး ညီငယ်လေးကိုအလိုလိုက်တတ်သည့် အစ်ကိုကြီးတစ်ယောက်လို ပြုံးပြလိုက်သည်။

"စကားများလိုက်တာ
မနက်စာသွားစားမလို့။မင်းပါလိုက်ခဲ့"

အခန်းပိုင်ရှင်သည် အရှက်သည်းကာ အခန်းထဲမှ ထွက်သွားသည်မို့ ခိုင်ခံ့လည်း နောက်မှ လိုက်ပါခဲ့သည်။

ခိုင်မြဲစေလို...Dove le storie prendono vita. Scoprilo ora