ခွန်မြဲဟိန်သည် အိပ်ခန်းရှိ စာကြည့်စားပွဲတွင်
ရက်သတ္တပတ် တစ်ခုစာ လစ်လပ်နေသော ကျောင်းသင်ခန်းစာများအား သူ၏ မှတ်စုစာအုပ်ထဲသို့ဂရုတစိုက်ကူးယူနေခြင်းဖြစ်သည်။နံရံကပ်လေးထောင့်နာရီ၏ လက်တံတိုလေးမှာ၅နာရီသို့ ညွှန်ပြနေသည်။
"ခွန်မြဲဟိန်ရေ..."
"ဟယ်...ခံ့လေးလာတာလား။အိမ်ပေါ်တက်လေ။"
အိမ်အောက်ထပ်မှ သူ့နာမည်ခေါ်သံနှင့်အတူ မေမေ့အသံကိုပါ ကြားလိုက်ရသဖြင့် ကူးလက်စ စာအုပ်ကိုပိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
ခွန်မြဲ သူ့ကို မျက်လုံးဝင့်ကြည့်လိုက်တော့ အပြင်သွားဖို့လာခေါ်တာ ဟူသော စကားသံခပ်တိုးတိုးကိုကြားလိုက်ရသည်။
"သား ခွန်မြဲကို မြို့ထဲ ခဏခေါ်သွားလို့ရလားဗျ"
"သြော်...အေးလေ...သားငယ်လေးလည်း ပျင်းနေမှာပေါ့။ခေါ်သွားခေါ်သွား။သတိထားသွားကြနော်သား"
မေမေ့ဆီမှ ခွင့်ပြုချက်ရတော့ ခွန်မြဲဟိန်နှင့် ခိုင်ခံ့မောင်တို့သည် အိမ်ထဲမှ ထွက်ခွာလာခဲ့ကြသည်။
"မင်းလမ်းမကျွမ်းသေးခင်
ငါ့စက်ဘီးနဲ့ပဲ သွားရအောင်လေ တက်...ခွန်မြဲ"ခိုင်ခံ့မောင်က သူ၏ စက်ဘီးကယ်ရီယာတွင်ထိုင်ရန် ပြောလာသဖြင့်ခွန်မြဲလည်းနှစ်ခါပင်စဥ်းစားမနေတော့ဘဲ ခိုင်ခံ့မောင်၏ စက်ဘီး ကယ်ရီယာပေါ်တွင် ခွထိုင်လိုက်သည်။
"အရင်ဆုံးတံတားကဖြတ်ပြီး
အံတော် ဘက်ကိုအရင်လိုက်ပြမယ်"ခိုင်ခံ့က စက်ဘီးကို တစ်ပတ်ကွေ့လိုက်ပြီး လျင်မြန်ပေါ့ပါးစွာ မောင်းနှင်နေသည်။
မြို့ရှိလက်ချိုးရေလို့ရသောမီးပွိုင့်များထဲက တစ်ခုဖြစ်သည့် မီးပွိုင့်တွင် မီးနီမိနေခိုက် ခိုင်ခံ့က စက်ဘီးကိုရပ်ရင်း သူ့ကိုရှင်းပြပြန်သည်။
YOU ARE READING
ခိုင်မြဲစေလို...
Teen Fictionဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]