အချပ်ပို

1.1K 46 0
                                    

"ငါ နန်းကြီးသုပ် ဝယ်လာတယ်မောင် "

မနက်စောစော ထပြေးလေ့ရှိသော ခွန်မြဲဟိန်၏ လက်ထဲ၌ နှစ်ယောက်စာ ဖော့ဘူးကလေးတွေပါလာတတ်မြဲဖြစ်သည်။

Lynn×Lynn Bakery and Cafe ရှေ့ကဖြတ်တိုင်း ကိုဇေက သူတို့နှစ်ယောက်စားရန် ကိတ်နှစ်တုံးစီ အတင်းပေးတတ်တာမို့ သည်နေ့တော့ ခွန်မြဲဟိန် တခြားလမ်းကပတ်၍ ပြန်လာရခြင်းဖြစ်သည်။

သူပြန်ရောက်သည့်အခါ ကောင်လေးက ကိုထွန်း
တလောက ပေးထားသည့် မေမြို့ထုတ် ကော်ဖီစေ့ကိုအမှုန့်ကြိတ်၍ ဖျော်ထားသည်။

"မောင် မင်းအတွက် ကော်ဖီဖျော်ထားတယ်။
ကဲ...လာပါဦး နမ်းချင်လို့"

သူ့ကိုမြင်သည်နှင့် ကော်ဖီခွက်နှစ်ခွက်ကို စားပွဲပေါ် ဘုတ်ခနဲချပြီး ရှေ့တိုးလာသော ခိုင်ခံ့ကြောင့် ခွန်မြဲ နောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။

"မဖြစ်သေးဘူး...တံတားထိပ်အထိပြေးလာတာ။ချွေးတွေချည်းပဲ...ဖယ်ဦးကွာ"

"နှုတ်ခမ်းကိုနမ်းမှာပဲကို နှုတ်ခမ်းကချွေးမှမထွက်ဘဲ"

သုံးနှစ်အတွင်း ခိုင်ခံ့မောင်သည် အရပ်ပိုရှည်၍ ပိုကြည့်ကောင်းလာသလို ကလေးပိုဆန်သွားသည်ဟု ခွန်မြဲထင်ပါသည်။အခုလည်း စားပွဲပေါ်လက်တင်ကာ စားပွဲထိပ်ရှိထိုင်ခုံတွင် မျက်မှုန်ကုပ်၍ ထိုင်နေသည်။ဆံစကင်းသော နှဖူးပြင်ကလေးမှာရှင်းသန့်နေသည်။

သူဝယ်ပေးထားသော မျက်နှာသစ်ဆေးကြောင့်ထင့် ခိုင်ခံ့မျက်နှာလေးမှာ တနေ့တခြားဖြူလာသည်။

ညီညာသောမျက်ခုံးနက်များမှာပိုမိုထင်းနေသည်။ရေးရေးကလေးပေါ်နေသော နှုတ်ခမ်းမွှေးကြောင့် ယောကျ်ားပီသခြင်းဟူသည့် ဂုဏ်ရည်ပြနာမဝိသေသန ကိုထပ်လောင်းပေးအပ်မိသည်။

သူ့ကောင်လေးသည် သူလွတ်သွားသည့်ကာလများအတွင်း ခွန်မြဲ သတိလက်လွတ်ငေးကြည့်မိလောက်အောင် ချောမောသည့် အမျိုးသားလေးအဖြစ် ကြီးပြင်းလာခဲ့သည်။

"မွ"

နှုတ်ခမ်းဆီမှ ပူနွေးနွေးအထိအတွေ့ကြောင့် ခိုင်ခံ့မျက်ဝန်းတို့ စူးရှသွားကြသည်။နှဖူးပြေပြေကလေးပေါ်ချွေးစက်တို့တင်နေသည့်မျက်နှာရှင်းရှင်းကလေးမှာ သူ့မျက်နှာနှင့်နီးကပ်နေဆဲဖြစ်သည်။

ခိုင်မြဲစေလို...Where stories live. Discover now