စတင်တွေ့ဆုံခြင်း

5.4K 199 2
                                    

"ဒါက ဆရာမတို့ကျောင်းကို အသစ်ရောက်လာတဲ့ ကျောင်းသားသစ်ပဲ

ကျောင်းဖွင့်ပြီးမှ ဝင်လာတာဆိုတော့ သူလွတ်သွားတဲ့စာတွေနားလည်တဲ့စာတွေကို မင်းတို့တွေက ကူပြီး ရှင်းပြပေးမယ်နော်"

ဆရာမ၏ စကားသံက တိတ်ဆိတ်နေသော သတ္တမတန်း(က) အခန်းလေးကို ပြန်လည် သက်ဝင်လှုပ်ရှားသွားစေသည်။

ခွန်မြဲဟိန်...ဟူသော အမည်နာမအား ခိုင်ခံ့မောင် ခပ်တိုးတိုးလေးရေရွတ်မိပါသည်။

ခိုင်ခံ့မောင်မှာ လိမ္မာရေးခြားရှိ၍ အရိပ်အကဲနားလည်သဖြင့် သတ္တမတန်း(က)၏ အတန်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံထားရသည့် ကောင်လေးဖြစ်သည်။

နက်မှောင်သော မျက်ခုံးထူထူအောက်တွင် ကြည်လင်အေးချမ်းသော မျက်၀န်းနက်တို့က နေရာယူထားပြီး၊ပြေပြစ်ကျစ်လစ်သော နှာတံ၊ ပိရိသေသပ်သောနှုတ်ခမ်းထူထူတို့မှာ သူ၏ ရုပ်ရည်သွင်ပြင်ကိုပိုမိုထူးခြားသွားစေသည်။

ကျောင်းစိမ်းပုဆိုးကို ရှပ်အဖြူနှင့် တွဲဖက်၍ ရိုးစင်းစွာဝတ်ဆင်ထားသော သူ့သွင်ပြင်၏ ချောမောမှုကို မည်သူကမျှ ငြင်းဆိုနိုင်လိမ့်မည်မဟုတ်ပါ။

ခွန်မြဲဟိန်သည် ထိုကောင်လေးနှင့်မျက်လုံးချင်းဆုံသွားသောအခါ လူမိသွားသဖြင့် မျက်လွှာချလိုက်ရသည်။

တိုက်ဆိုင်စွာပင် ခိုင်ခံ့မောင်ဟူသော ကောင်ကလေးသည် သူ၏ ထိုင်ခုံဖော် ဖြစ်လာခဲ့လေသည်။

"ငါ့ကို အချိန်စာရင်း ပေးပါလား"

မင်သေသေဖြင့်ဆိုလာသော ခွန်မြဲဟိန်ကြောင့် ခိုင်ခံ့မောင် အချိန်စာရင်းရေးထားသည့်စာအုပ်ကို ကပြာကယာထုတ်ပေးလိုက်သည်။

ခွန်မြဲဟိန်ကို သူမမြင်ဖူးခင်ကပင် ခွန်မြဲဟိန်၏ အမည်နာမကို အမေ့ထံမှ ကြားဖူးခဲ့ပါသည်။
အမေ့ငယ်သူငယ်ချင်း၏ သားဖြစ်သဖြင့် သူ့အား ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံစေလိုကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။

ခိုင်မြဲစေလို...Tempat cerita menjadi hidup. Temukan sekarang