စောင့်ရှောက်ခွင့်

1.2K 89 4
                                    

"မေမေ နေပြည်တော်ကို
သင်တန်းသွားတက်ရမယ်သား။"

မေမေ့စကားကြောင့် ခွန်မြဲ ထမင်းစားလက်စဇွန်းကို ပန်းကန်ထဲသို့ပြန်ချထားလိုက်သည်။

"ဘယ်လောက်ကြာမှာလဲမေမေ။
ကျွန်တော့် စာမေးပွဲနီးနေပြီလေ။"

တစ်အိမ်လုံးတွင်သားအမိနှစ်ယောက်တည်းသာရှိသည့်အပြင် မေမေက နေပြည်တော်သွားမည်ဟုဆိုလာခဲ့သည်။

"၁လတက်ရမှာသားရဲ့။
သားကို ခိုင်တို့အိမ်မှာအပ်ထားခဲ့မလားလို့"

မေမေက လေးလေးနက်နက်ဆိုလာတော့
ခွန်မြဲ ကလန်ကဆန်မပြောချင်တော့ပါ။
သို့သော်

"ကျွန်တော့်ကို စားဖို့စီဥ်ပေးခဲ့ရင်ပါပြီ

အဝတ်လည်းကျွန်တော့်ဘာ ကျွန်တော်လျှော်တတ်ပြီး မီးပူလည်းတိုက်တတ်တာပဲ

အန်တီခိုင်တို့ကို အားနာစရာကောင်းပါတယ်"

ခွန်မြဲစကားကိုကြားတော့ မေမေက ခေါင်းညိတ်ထောက်ခံသည်။

ခိုင့်မှာလည်း သမီးငယ်လေးနဲ့တင်
အလုပ်ရှုပ်နေသည် မဟုတ်လား။

"အင်း...မေမေ ထမင်းဆိုင်မှာ
ထမင်းကို ချိုင့်ဆွဲစားဖို့စီစဥ်ပေးခဲ့မယ်လေ။သားတစ်ယောက်တည်းနေလို့ ဖြစ်တယ်မှတ်လား။"

မေမေက ခွန်မြဲ၏ ဆံနွယ်ညိုညိုလေးများကိုဖွရင်း ကြင်နာစွာဆိုလာသည်။

"ငယ်ငယ်ကလို မေမေ့ အင်္ကျီကို ဆွဲထားရင် မေမေ ထွက်သွားဘဲနေမှာလား"

ဆိုသည့် ကလေးဆန်ဆန်အတွေးကို ထမင်းစားပွဲပေါ်မှာရှိသည့် ရေတစ်ဖန်ခွက်နှင့်သာ ခွန်မြဲမျှောချလိုက်ပါသည်။

သူလည်းင့်ကျက်လာင့်ပြီ မဟုတ်လား
______________________________________

"သားရယ်...အန်တီတို့အိမ်လာနေလည်းရတာကို။သားကြီးနဲ့ တစ်ခန်းတည်းနေပေါ့"

ခိုင်မြဲစေလို...Where stories live. Discover now