သုံးနှစ်ခန့် ကြာသော်...
"ကိုရေ... ဟိုစားပွဲကို ဒါလေးသွားချပေးပါလား"
တစ်နေ့လုံးခွဲခွာနေရသည့် ချစ်သူအားတွေ့လို၍ အလုပ်ဆင်းဆင်းချင်းအပြေးအလွှားရောက်လာသော ထွန်းသန့်လင်းမှာ ရောက်ရောက်ချင်း စားပွဲထိုးခိုင်းခံရတာမို့ အောင့်သက်သက်ဖြစ်သွားသည်။
"လိမ္မာပါတယ် ကိုရာ"
ဇေလင်းထက်က မျက်နှာချိုသွေးတော့လည်း သူ့မှာ မနေနိုင်။
"ဟာ...ညီလေး ဘယ်တုန်းကပြန်ရောက်တာလဲကွ"
ဇေလင်းထက်သည် ဆိုင်အတွင်းသို့ဝင်လာသော ခိုင်ခံ့မောင်ကိုရည်ညွှန်း၍ ဆိုလိုက်ခြင်းဖြစ်သည်။
"မနေ့ကမှရောက်တာ အစ်ကိုရဲ့။ကျွန်တော် ဆိုင်ကို customer တွေခေါ်လာပေးတယ်နော်"
ခိုင်ခံ့မောင်၏နောက်တွင် ယွန်းမြသွယ်၊သုတထွန်း၊ညီမင်းထက်နှင့် လရိပ်ချိုတို့ပါ ပါလာကြသည်။
ခိုင်ခံ့မောင်သည် သည်းကြီးမည်းကြီးဖုန်းသုံးနေသော ကိုပိုင်ဟိန်းခန့်နှင့် တစ်ဝိုင်းတည်းဝင်ထိုင်လိုက်သည်။
"ကိုပိုင်...အေးဆေးပဲလား"
"အင်ဂျင်နီယာလုပ်ရတာ အသားမဲတာပဲအဖက်တင်တယ်ကွာ။အစတည်းက အဲ့လိုမှန်းသိရင် ဘွဲ့ကြီးဘေးချိတ်ပြီး ဒီကောင် ဇေလင်းထက်လို ဆိုင်ဖွင့်စားပါတယ်။
မင်း Lawတက်တာ မှန်တယ်ညီလေး။"ပိုင်ဟိန်းခန့်၏ စကားအား ခိုင်ခံ့မောင် ရယ်မော၍တုန့်ပြန်လိုက်သည်။
"ဘာမှာကြမလဲ ညီတို့ ညီမတို့..."
"ဒါနဲ့ အစ်ကို့သူငယ်ချင်းရောမတွေ့ပါလား"
ယွန်းမြသွယ်က ထွန်းသန့်လင်း၏ စကားအား ဂရုမထားဘဲ ဆိုင်အတွင်းသို့ အတန်ငယ်မျက်စိကစားလိုက်ပြီးမေးလာသည်။
"ဘယ်သူ့ကိုပြောတာတုန်း"
"မျိုးသက်ကိုပြောတာလေကွာ။
မင်းကတော့ အမြဲ ပိန်းနေတော့တာပဲ"ဇေလင်းထက်က သူအသစ်တီထွင်ထားသည့် sweet potato cake ကိုလာချပေးရင်း ထွန်းသန့်လင်းအား နှိပ်ကွက်လိုက်သည်။
YOU ARE READING
ခိုင်မြဲစေလို...
Teen Fictionဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]