မိုးရာသီဟူသည့် အချိန်ကာလကို ကုန်ဆုံးပြီးသည့်နောက် တစ်ပြည်သား ဖြစ်ခဲ့သည့် ခွန်မြဲဟိန်သည် ဤပြည်နယ်ရှိ နယ်မြို့လေးတွင် နေသားကျခဲ့ပြီဖြစ်သည်။
ဒုတိယအကြိမ် လပတ်စာမေးပွဲဖြေဆိုပြီးသည့်နောက် သီတင်းကျွတ်ပိတ်ရက်အဖြစ် ကျောင်းရော၊ကျူရှင်ပါ ပိတ်ထားချိန်ဖြစ်သဖြင့် ခွန်မြဲဟိန် အိမ်တွင်းအောင်းနေသည်။
ရုံးပိတ်ရက်ရတဲ့ မေမေကလည်း သူ့သားငယ်လေးကြိုက်နှစ်သက်သည့်မုန့်များကို တစ်နေ့တစ်မျိုးမရိုးရအောင် လုပ်ကျွေးလေ၏။
ခွန်မြဲ ခြံတံခါးပေါ်တွင် ဖယောင်းတိုင်ထွန်းနေခိုက် လမ်းပေါ်မှ ခေါ်သံတစ်ခုကို ကြားလိုက်ရသည်။
"ခွန်မြဲဟိန်..."
အလွတ်ရနေသည့် အသံပိုင်ရှင်က အဖြူရောင်ရှပ်နှင့် အပြာရင့်ရောင်ပုဆိုးကွက်ကို
တွဲဖက်ဝတ်ဆင်ထား၏။"လျှောက်လည်ရအောင်လေ..."
ခွန်မြဲဟိန်သည် ခြံထဲဝင်လာသော ခိုင်ခံ့မောင်အား တစ်ချက်ကလေးမျှပင် မကြည့်ဘဲ ထွန်းလက်စ ဖယောင်းတိုင်များအား မီးထွန်းနေသည်။
"ငါသွားရင် မေမေက တစ်ယောက်တည်းကျန်ခဲ့မှာလေ။မသွားချင်ပါဘူး။"
ခွန်မြဲဟိန်က ရုတ်တရက်လေတိုက်လာသဖြင့် မီးငြိမ်းသွားသည့် ဖယောင်းတိုင်များကို မီးပြန်ထွန်းရင်း ပြန်ဖြေလိုက်သည်။
မှောင်စပျိုး အချိန်ဖြစ်၍ တစ်ယောက်မျက်နှာကိုတစ်ယောက် ရှင်းရှင်းလင်းလင်းမမြင်ရသည့်တိုင် ဖယောင်းတိုင်များကို ဂရုတစိုက်ထွန်းနေသော မျက်နှာရှင်းရှင်းအား ခိုင်ခံ့ ဝိုးတဝါးတော့ တွေ့မြင်နိုင်သေး၏။
"မင်း မေမေက ငါတို့အိမ်မှာလေ။
အိမ်မှာ စတုဒီသာကျွေးတာဆိုတော့ အန်တီနုက လာကူပေးတယ်။မင်းလိုမဟုတ်ဘူး။"ခိုင်ခံ့ တို့အိမ်မှာ စတုဒီသာကျွေးတာ ခွန်မြဲ သိပါသည်။သို့သော် လူရှုပ်သော နေရာများကို မကြိုက်၍ မေမေခေါ်တည်းက ခွန်မြဲ ငြင်းခဲ့ပြီးဖြစ်သည်။
"ဒါပေမဲ့..."
"ဘာမှ ဒါပေမ မဲ့ နဲ့တော့...။
အန်တီနုကိုယ်တိုင်က မင်းကို သွားခေါ်လိုက်ပါဆိုလို့ ငါလာခေါ်တာ။
တစ်လမ်းလုံးက အပြင်ထွက်နေကြတာ
မင်းတစ်ယောက်တည်း အပျိုလေးလို အိမ်ထဲမှာ ကုပ်မနေနဲ့။"
ESTÁS LEYENDO
ခိုင်မြဲစေလို...
Novela Juvenilဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]