"ဖြေနိုင်လား..."
စက်ဘီးရပ်ထားရာ သရက်ပင်ကိုပတ်၍ တည်ဆောက်ထားသည့် သစ်သားထိုင်ခုံတွင် ခိုင်ခံ့မောင် ထွက်အလာကိုထိုင်စောင့်နေရာမှ ထွက်ပေါ်လာသောအသံကြောင့် ခွန်မြဲ မော့်ကြည့်မိသည်။
အသံပိုင်ရှင်ဖြစ်သော ခိုင်ခံ့မောင်က စာမေးပွဲကို စိတ်ကျေနပ်လောက်သည်အထိ ဖြေဆိုနိုင်ခဲ့မှန်းသိသာသည်။
ခေါင်းတစ်ချက်ညိတ်ပြလိုက်တော့ ထုံးစံအတိုင်း သူ့ဆံပင်တွေကို လက်နှင့်ဖွပြီး ပြုံးသည်။
ခိုင်ခံ့မောင်နှင့် ခွန်မြဲဟိန်တို့ စီးနင်းသော စက်ဘီးကလေးသည် ဆိုင်ကယ်ရှုပ်၊လူရှုပ်သောလမ်းကလေးပေါ်တွင် သွက်လက်စွာ ပြေးနေသည်။
ကျောင်းရှေ့ရှိ မြို့၏အဓိကစျေး သည်နေ့လယ်၁၂နာရီခွဲအချိန်မို့ မနက်ကလောက်မစည်ကားတော့။
မြို့တော်ခန်းမ အဟောင်းရှေ့ရှိလမ်းတွင် အိမ်သို့သွားရာ ဘယ်ဘက်လမ်းကို ကွေ့ရမည့်အစား ညာဘက်သို့ ချိုးကွေ့လိုက်သည့် ခိုင်ခံ့မောင်ကြောင့် စာမေးပွဲပြီးသည့်နေ့မို့ တစ်ခုခု သွားစားမည်ဟု ခွန်မြဲဟိန် ထင်လိုက်သည်။
သို့သော် မြို့၏ အစွန်ဘက် ကျသော
ဆေးရုံရှေ့မှဖြတ်သည်အထိ ခိုင်ခံ့မောင်၏ စက်ဘီးညိုလေးသည် အရှိန်လျော့သွားခြင်းမရှိပေ။ခိုင်ခံ့မောင်သည် စက်ဘီးကို မြို့ငယ်လေး၏အစွန်အထိ မရပ်နားဘဲမောင်းနှင်ခဲ့လေသည်။
တစ်လမ်းလုံး ရှုခင်းကြည့်ရင်း ဆိတ်ဆိတ်နေခဲ့သောကြောင့် ခွန်မြဲဟိန် မေးရန်ပင် မေ့လျော့နေခဲ့သည်။
ကျောင်းစာများနှင့် လုံးပမ်းနေသဖြင့် သူသတိမထားမိခဲ့သော သဘာဝတရားကြီး၏ အလှအပကို မျက်တောင်တစ်ခတ်စာမျှ
မလွတ်သွားအောင် ခွန်မြဲ ကြည့်နေမိသည်။"ခိုင်ခံ့...ဘယ်သွားမလို့လဲ..."
"ပင်လယ်..."
ပင်လယ်ဆိုသည့် ဝါကျကို ဖြေပြီးနောက် ခိုင်ခံ့မောင်၏ စက်ဘီးလေးသည် ပို၍ အရှိန်မြန်လာခဲ့သည်။
"...မြို့မှ နှုတ်ခွန်းဆက်သပါ၏"
ဟူသော ဆိုင်းဘုတ်ကိုမြင်တော့ ခွန်မြဲ မျက်ခုံးပင့်လိုက်မိသည်။
YOU ARE READING
ခိုင်မြဲစေလို...
Teen Fictionဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]