ကြယ်ကလေး ခွန်ငယ်

1.4K 89 1
                                    

မင်းက ငါ့ရဲ့စိတ်ထဲကို တစ်လှမ်းချင်း တဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်။

✨_✨_✨_✨_✨

"ချိုးပြီးပြီလား..."

ခွန်မြဲဟိန်၏ အမေးစကား။

စိုနေသောဆံပင်များတွင် တွဲလဲခိုနေသည့်ရေစက်ကလေးများက အပေါ်ပိုင်း အဝတ်မဲ့နေသော ခိုင်ခံ့မောင်၏ပုခုံးပေါ်သို့တစ်စက်စက်ကျနေသည်။

ခွန်မြဲ မျက်လုံးဝင့်ကြည့်လိုက်တော့ ခိုင်ခံ့က ရေစိုနေသည့်ခေါင်းကို တဘတ်ဖြင့် သုတ်ရင်း သူ့ကို စိုက်ကြည့်လာသည်။

"ငပျင်းကောင်...မင်းလည်း ရေသွားချိုးတော့"

ခိုင်ခံ့မောင်က ရေသုတ်လက်စ တဘတ်ကို ပုခုံးပေါ် တင်လိုက်ပြီး ကုတင်ပေါ်မှာထိုင်နေတဲ့ ခွန်မြဲ လက်ကို လာဆွဲ၍ အိပ်ခန်းထဲမှ တွန်းထုတ်သည်။

မိနစ်နည်းနည်းကြာသည့်နောက် ခွန်မြဲဟိန်သည် ရေစက်လက်ဖြင့် အိပ်ခန်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

ထိုအချိန်၌ ခိုင်ခံ့မောင်သည် T-shirt အဝါနှင့်ဘောင်းဘီတိုကို လဲလှယ်ပြီးနှင့်ပြီ။

ရေလဲပုဆိုးကိုဝတ်၍ ဝင်လာသောခွန်မြဲဟိန်သည် အဝတ်ဗီရိုကိုဖွင့်ကာ ဗီရိုတွင်းမှအဝတ်တစ်စုံကို ဆွဲထုတ်နေသည်။

"ခေါင်းကို အရင်သုတ်လေ။
မင်းအင်္ကျီစိုသွားလိမ့်မယ်"

Drama အကြည့်များသော ခိုင်ခံ့မောင်က Drama ကားထဲတွင် မင်းသမီးကို ကျီစယ်နေသည့် မင်းသားလိုမျိုး ခွန်မြဲ ဖွင့်နေသော ကျွန်းဗီရိုကို ပြန်ပိတ်လိုက်သည်။

သို့သော် ဘဝက Drama ကားမဟုတ်တော့ မင်းသမီးမဟုတ်သော ခွန်မြဲဟိန်က မင်းသားမဟုတ်သော ခိုင်ခံ့မောင် ၏ ခြေထောက်အား သူ့ခြေထောက်နှင့်ကန်လိုက်သည်။

"မဝတ်ပါနဲ့ဆို..."

ခိုင်ခံ့မောင်က ပြောရဆိုရ ခက်လှသည့် ခွန်မြဲဟိန်၏လက်ကိုဆွဲကာ ကုတင်ပေါ်တွင် ထိုင်စေသည်။

သူလည်း ခွန်မြဲနောက်တွင်ဝင်ထိုင်လိုက်ပြီး ခွန်မြဲ ကိုယ်ပေါ်တွင်တင်ထားသော သဘတ်အဖြူလေးကို ဆွဲယူလိုက်သည်။

ခိုင်မြဲစေလို...Donde viven las historias. Descúbrelo ahora