Ep 3

1.2K 127 10
                                    


           ""အချစ်ဆိုတာ
တစ်စုံတစ်ယောက်ရဲ့ဘေးမှာ
တစ်စုံတစ်ရာ မလုပ်ဖြစ်မတွေးဖြစ်ဘဲ
တိတ်တဆိတ်နေထိုင်ရင်းက
ပြည့်စုံပျော်ရွှင်တယ်လို့ ခံစားရတာမျိုး''''

lily မောင်တို့ ကျောင်းပြီးရင် အရင်စေ့စပ်ထားမလား? နောက် ပိုက်ဆံ တွေစုပြီးမှလက်ထပ်ကြမယ်လေ....နော်...

မောင်ရယ်....ကျောင်းပြီးဖို့ ၂နှစ်တောင်လိုသေးတယ် ပြီးတော့ liအတွက် နံပါတ်၁ ဦးစားပေးက.......

မောင် သိပါတယ် lily မိဘတွေကိုအလုပ်ဆက်မလုပ်ရဘဲ သက်သောင့်သက်သာ နေနိုင်အောင် ဒါဘဲထပ်ပြောမှာမှတ်လား.... မောင် စောင့်နိုင်ပါတယ် lily ကြိုက်သလောက်အချိန်ယူ ဒါမဲ့ ကျောင်းပြီးရင် တော့ အရင်စေ့စပ်ထားချင်တယ်
ဒီမိန်းကလေးက မောင့်အပိုင်ဆိုတာ အကုန်လုံးကိုသိစေချင်တယ် အဲ့တာမှလာမရှုပ်ရဲမှာ....

ဟီး....မောင် ကလဲ liက မောင့်အပိုင်ပါနော်
lily ကြိုးစားနေပါတယ် li အချိန်ပိုင်းလုပ်ပြီးပိုက်ဆံတွေလဲ စုနေတယ် ကျောင်းပြီးလို့ အလုပ်ရရင်ပြီးပြီ အဲ့တာကြောင့်မို့ စိတ်ရှည်ရှည် နဲ့စောင့်နေပေးပါနော်

မောင်က စောင့်နိုင်ပါတယ် lily ရဲ့ဝန်တွေကို မောင်က ခွဲယူချင်ရုံပါ ကိုယ့်ချစ်သူ တယောက်ထဲရုန်းကန်နေတာကိုမကြည့်ရက်ဘူး...

ဒါက lily ရဲ့ မိသားစု ကိစ္စ ပါ lily လိုမိန်းကလေးကိုချစ်ပေးတဲ့အပြင် လက်ထပ်ဖို့အထိပါတွေးပေးတာကိုဘဲ lilyက ကျေးဇူးတင်ရမှာ...


မောင်ကသာ ကံကောင်းတာပါ ဒီလောက်လှတဲ့
ကောင်မလေးရဲ့ချစ်သူဖြစ်ခွင့်ရလို့လေ...
အခုတော့ ချစ်သူမဖြစ်ချင်တော့ဘူး...

ဟမ်?...ဘာလို့လဲ မောင်နော်...ခုနကဘဲ စေ့စပ်ဖို့ပြောပြီး စိတ်ပြောင်းသွားတာလား ဒါမှမဟုတ် နောင်တရနေတာလား? ....

ဟုတ်တယ် ချစ်သူလဲမဖြစ်ချင်တော့ဘူး
ယောကျာ်း ဘဲ ဖြစ်ချင်တော့တယ် တစ်ခါတည်း အိမ်လိုက်ခဲ့တော့....မွ

ဟာ....မောင်နော် လူကိုလန့်အောင်လုပ်တယ်
မဖြစ်တော့ဘူး အပြစ်ပေးရမယ် ဒီပိတ်ရက် လုံးဝ မောင်နဲ့မတွေ့ဘူး

The liar And her lover (Jenlisa)Where stories live. Discover now