""ဒါကဘယ်လဲ ?''
"liliပြန်တော့မလို့ပါ မမလေး ခိုင်းစရာရှိသေးလို့လား?''
"ရှိတယ် အခုမရှိသေးပေမဲ့ နောက်ကျရင်ရှိလာလိမ့်မယ်... '''
"ဒါဆိုliliဘယ်လိုလုပ်ရမလဲ?
""ဘာကိုဘာလိုလုပ်ရမှာလဲ ဒီမှာနေပေါ့ နင်အရင်ကကပ်နေ ခဲ့ သလိုမျိုးပေါ့....
Jennစကားတွေက သူ့မကို ဖိနှိပ် အရှက်ခွဲ အထင်သေးနေပေမဲ့ liliတစ်ချက်တောင် စိတ်မကွက်ဘဲ သူမ သဘောအတိုင်းအကုန်လုပ်ပေးခဲ့တယ် မိဘတွေအိမ်ပြောင်းတာတောင်မှ သွားကြည့်ခွင့်မရခဲ့ဘူး ဘာအတွက်ကြောင့် သူမအပေါ် အခုလိုဆက်ဆံမှန်းမသိပေမဲ့ ဝဋ်ကြွေးကြောင့်ဆိုရင်တော့ ဒီဘဝမှာတင် ကြေပါစေလို့ တိတ်တိတ်လေးဆုတောင်းနေမိတယ်......
-----------------------------------
📳~~~~~
Hello....
liliအိပ်ချင်းမူးတူးအသံနဲ့ phကောက်ကိုင်လိုက်ရင်း..."ဗိုက်ဆာတယ် အခုချက်ချင်း တစ်ခုခုလုပ်ပေး''
Phထဲကအသံမာမာနဲ့ အမိန့်ပေးသံကြားမှာ ph contact ကို့ကြည့်ရင်း သက်ပြင်းချလိုက်သည်...
တစ်နေ့လုံးစျေးဝယ်ထွက်တဲ့နောက် လိုက်ရ အထုတ်တွေဆွဲရနဲ့မို့ ပင်ပန်းလို့ အိပ်ချင်ပေမဲ့ နားခွင့်မပေး တစ်ရေးနှိုးပြီး စားဖို့ပြင်ခိုင်းနေပြန်ပြီ..."ဒါကဘာတွေလဲ...
"ခေါက်ဆွဲပြုတ်လေ ကြက်ဥနဲ့အရွက်ပါထည့်ထားပေးတယ်....
"ငါအဲ့လို အပေါစား ကျန်းမာရေး နဲ့မညီညွတ်တဲ့ဟာတွေမစားဘူး... အသစ်ပြန်လုပ်ပေး
liliမျက်နာငယ်လေးနဲ့
"တကယ်တော့ အခြားဟာလုပ်ပေးချင်ပေမဲ့ ခေါက်ဆွဲဘဲ ပြုတ်တတ်လို့ပါ...
"ဘာပြောတယ် နင်ကတကယ်ဘာမှသုံးစားလို့ကိုမရဘူး... တောက်''
"နဲနဲလောက်မြည်းကြည့်ပါလား အရသာပါတယ် liတော့ တရေးနိုးဗိုက်ဆာရင် ခေါက်ဆွဲဘဲပြုတ်စားနေကြ....
"နင်နဲ့ငါနဲ့တူတယ်ထင်နေတာလား ဟမ်?''
Jennဒေါသထွက်ပြီး ရစ်ချင်ပေမဲ့ ညနေကဘာမှမစားထားတော့ ဗိုက်ကဆန္ဒပြနေတာနဲ့ မျက်စိရှေ့မှာရှိနေတဲ့ ခေါက်ဆွဲပန်းကန်ကို အနားဆွဲယူလိုက်ပြီး မသတီသလိုမျိုး နမ်းကြည့်ကာ နဲနဲမြည်းကြည့်လိုက်သည်....
YOU ARE READING
The liar And her lover (Jenlisa)
Romanceတိမ်တွေက အရောင်ပြောင်းလွယ်တယ်တဲ့လား ဖြူစင်လွန်းနေလို့ လွယ်လွယ်နဲ့ အရောင်ဆိုးခံလိုက်ရတာဆိုရရော......( သေလူ) #Lisa ဘာမှမဆိုင်တာဘဲ ကောင်းပါတယ် တစ်ကယ်လို့များဆိုင်လာပြီး ထပ်ဆိုင်ခွင့်မရှိတော့ရင် ဘယ်လိုလုပ်မလဲ မျက်ဝန်းတွေထဲ...