Ep 19

1.1K 109 41
                                    

''တစ်ခါမှငါ့ကိုယုံခဲ့တဲ့သူကို
သစ္စာဖောက်ခဲ့တာမရှိဘူး
ဘာလို့ငါဘဲ သစ္စာဖောက်ခံနေရတာလဲ''

အရာရာဟာ အမှတ်တရဘဲ မျက်လုံးနှစ်လုံးပွင့်တာနဲ့ အဲဲဒီအကြောင်းအရာဟာ ခေါင်းထဲအရင်ရောက်လာတယ်။ငါဒီလောက်ချစ်ခဲ့တာတောင် ငါ့အပေါ်လုပ်ရက်ခဲ့လေချင်း။

ကိုယ့်ဘဝထဲ သူမကိုလုံးလုံးဝင်ရောက်ခွင့်ပေးခဲ့ပေမဲ့ သူ့ဘဝထဲ ကိုယ်ရှိမနေခဲ့ဘူးဆိုတဲ့ အတွေးဟာကျယ်ကျယ်လောင်လောင်နဲ့နှိပ်စက်နေခဲ့သည်။

ရှိက်ကြီးတငင်ငိုလိုက်ဖို့တော်တော်ခက်ခဲ့တယ်။မျက်ရည်ဟာ နာကျင်လွန်းတဲ့အခါထွက်မလာတော့ဘူး။ အဲ့ဒီအစား ရင်ဘက်တစ်ခုလုံး တစ်မြေ့မြေ့နဲ့လောင်မြှိက်နေခဲ့တယ်။
လည်ချောင်းဝမှာ တခုခုစို့နှင့်နေသလို ပြောစရာစကားလုံးများပြောက်ရှပြီး နှလုံးသားတစ်ခုလုံးနာနာကျင်ကျင်နဲ့ အဲ့ဒီနေ့ဟာ သူမ ပေးခဲ့တဲ့ Jenမျက်မြင်တွေ့လိုက်ရတဲ့ ငရဲဘဲ။


အခုဆိုJen လီလီကိုရှောင်နေတာ ၁ပတ်ရှိပြီး။
ရှောင်နေတယ်ဆိုတာထက် သူမကိုမမြင်ချင် သူမဆီက ကြားရမဲ့ အကြောင်းပြချက်တွေ ဆင်ခြေတွေ ေတာင်းပန်စကားတွေကို မကြားချင်တော့လောက်တဲ့အထိ Jen အထိနာခဲ့သောကြောင့်ဖြစ်သည်။

မေမေက တော့ တစ်ပတ်လုံးလုံး Jenအိမ်ထဲကမထွက်တာကြောင့် ရိပ်မိနေပေမဲ့ မသိချင်ယောင်နေပေးခဲ့သည်။
''ဒေါက်~~
Jen မေမေပါ....ဝင်ခဲ့မယ်နော်''

မေမေတံခါးခေါက်သံ ကြားတာနဲ့ ဘယ်သူနဲ့မှ စကားမပြောချင်သေးတာကြောင့် မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
မေမေကတော့ သဘောပေါက်သွားဟန်ဖြင့် Jenကုတင်ဘေးမှာဝင်ထိုင်ကာ။

''ဘယ်အချိန်ထိ ဒီလိုလုပ်နေမှာလဲ
မေမေ့ကို အားလုံးပြောပြလို့ရတယ်နော်
စောင့်နေခဲ့တာ သမီးက မေမေ့ကို ပြောပြလာမဲ့အချိန်ကို။ တစ်ယောက်ထဲ ကျိတ်ပြီးခံစားစရာမလိုဘူး မေမေ့ကို ပြောပြလို့ရတယ်နော်''

အချောခံရတဲ့ကလေး ပိုပြီးငိုတယ်ဆိုသလို မျက်လုံးတွေမှိတ်ထားတာတောင် မျက်ရည်တွေက စီးကျလာသည်။

The liar And her lover (Jenlisa)Where stories live. Discover now