Ep 21 💔

1.7K 102 37
                                    

       ''တိတ်ဆိတ်နေတာ အကောင်းဆုံးဘဲ
       ဘာမှမဖြစ်သလို ဘာမှမခံစားရသလို''

ဒီဒဏ်ရာတွေက ဘယ်သူ့ဆီကမို့လို့
နာကျင်နေတာတောင် ကျေနပ်နေမိတာ....

လီလီလေ မမကိုချစ်ခဲ့တယ်။

မှတ်မိသေးတယ် မမ စံအိမ်ကို ပထမဆုံးရောက်လာတဲ့နေ့က ကားပေါ်မှာအိပ်ပျော်နေတာ အဲ့တုန်းကဆို လီလီ နှိုးမိလို့ အဆဲတောင်ခံလိုက်ရသေး။ အဲ့နေ့တုန်းကဘဲ ရေချိုးခန်းထဲမှာ အဝတ်ဗလာနဲ့ပုံကို မြင်ခဲ့မိလို့ 1ပတ်လောက် မျက်စိထဲကမထွက်ဖြစ်ခဲ့သေးတာ။

အဲ့အချိန်ကတည်းကများလား လီလီ ချစ်မိသွားတာ။ မမ ကတော့ နိုင်ငံခြားပြန်သာဆိုတယ် တောကျလိုက်တာ သူ့ကိုခေါ်ခိုင်းပုံကအစ မမလေးတဲ့။
အနိုင်ကျင့်ချင်လို့မှန်းသိပေမဲ့ အမြင်ကပ်မိတဲ့အချိန်တွေတော့ရှိတယ်။ တစ်ခါလေးတောင် မျက်နာသာမရ​ခဲ့ပေမဲ့ ဘာကိုသဘောကျလို့ကျမှန်းမသိ ကိုယ့်ရည်းစားကိုတောင် ကိုယ်တိုင် မမကိုသဘောကျနေကြောင်းဖွင့်ပြောမိတဲ့အထိ။ မှတ်မိသေးတယ် အဲ့တုန်းက   ဖြစ်သွားတဲ့ မောင့် မျက်နာထားကို။


လိုချင်တာနဲ့ လိုအပ်တာ မကွဲဖြစ်ခဲ့တယ်တဲ့တူပါတယ်။ လီလီအတွက် မောင် ကသင့်တော်တာကြောင့် လိုအပ်တာဖြစ်ခဲ့တယ်ဆိုရင် မမကတော့ လီလီ အမြဲလိုချင်နေခဲ့တဲ့ သူဘဲ။

မမကိုချစ်မိနေတယ်ဆိုတဲ့ အဖြစ်မှန်ကိုဖုံးကွယ်ပြီး မမဆီကပြေးထွက်ကြည့်ခဲ့သေး တယ်။ အသဲကွဲတယ်ဆိုတာ ဒါမျိုးထင်ပါတယ် မလိုချင်ယောင်ဆောင်ရတာ ပင်ပန်းလွန်းလို့။ မမကပါ လီလီ ကိုချစ်နေတယ်ဆိုတာ သိလိုက်ရတော့လေ  သစ္စာမဲ့ဖောက်ပြန်တတ်တဲ့မိန်းမ ဖြစ်ရင်ဖြစ်ပါစေတော့ လီလီ မောင့်ဆီက ထွက်ပြေးလာခဲ့မိတယ်။

လောကဓံကလဲ ခဏခဏ လီလီရဲ့ခံနိုင်ရည်ကိုစမ်းသပ်နေတယ်ထင်ပါတယ်။ စိတ်နဲနဲတော့ပင်ပန်းရပေမဲ့ မမရှိနေတော့ လီလီ ကျော်လွှားနိုင်ခဲ့တယ်။သစ္စာမဲ့ခဲ့တဲ့ မိန်းမဟာ ဒီလောက်တော့ ခံစားရမယ်မဟုတ်လား။


ဒီတစ်ခါ စမ်းသပ်မူကတော့ အရမ်းလွန်သွားတယ်ထင်တယ်  မမကိုနာကျင်အောင်ထပ်လုပ်မိသွားတယ်။  လီလီ ခံနိုင်ရည်ထပ်ကျော်လွန်တဲ့စမ်းသပ်မူတွေအတွက်တော့ လီလီလဲမပြင်ဆင်ထားမိဘူး။  မမ သာအထိအခိုက်နည်းမယ်ဆိုရင် ဘယ်လိုရွေးချယ်မူမျိုးမဆို လီလီ လုပ်မိမှာ။
သစ္စာမဲ့ခဲ့တဲ့ မိန်းမအတွက် အပြစ်က လီလီ တစ်ယောက်ဆို လုံလောက်ရောပေါ့.....



You've reached the end of published parts.

⏰ Last updated: Feb 02, 2022 ⏰

Add this story to your Library to get notified about new parts!

The liar And her lover (Jenlisa)Where stories live. Discover now