Ep 10 💔

1.3K 139 5
                                    

""ကျမခံနိုင်ရည်ထက်ပိုတဲ့ နာကျင်မူတွေကို
နောက်တစ်ကြိမ် ထပ်ပြီး ခံစားရတဲ့အခါ
ကျမလွတ်မြောက်ဖို့ကိုဘဲ အာရုံစိုက်လာမိတော့သည်''''

ဒီနေ့ ဒါရိုက်တာ Jenကိုကြည့်ရတာ
ပျော်နေတဲ့ပုံဘဲ....
ဟုတ်တယ် မနက်ရုံးလာတော့ ငါ့ကိုတောင်
ပြုံးပြသွားသေးသည်....

ဘာကိစ္စလဲမသိပေမဲ့ အခုလိုပြုံးနေတာမြင်ရတော့ ငါတို့လဲအသက်ရှူချောင်တာပေါ့ဟာ....

ဟုတ်ပါ့ မဟုတ်ရင် မျက်နာကအမြဲသုန်မှုံပြီး
မျက်ထောက်နီကြီးနဲ့ ဂီး...ကြောက်စရာကြီး...

"ဘယ်သူကလဲ?...

"အမလေး....(All girls)

"ဘယ်သူကကြောက်စရာကြီးလဲလို့....

"ဘယ်သူမှမဟုတ်ပါဘူး...သွား သွားလိုက်အုံးမယ်နော်''

သူမရှေ့ကနေပြေးထွက်သွားတဲ့ ကောင်မလေးတွေကိုကြည့်ပြီးlisa ခေါင်းတစ်ခါခါနဲ့ကျန်ခဲ့သည်...

ရုံးမှာ သူမက အသက်အငယ်ဆုံး ရာထူးမယ်မယ်ရရ မရှိပေမဲ့   ဒါရိုက်တာတွေထက်တောင် အခွင့်အရေးပိုရပြီး လူရှိန်ကြသည်...
အာ...လူရှိန်တယ်ဆိုတာထက် လူတွေပိုပြီးရှောင်ကြတယ်ဆိုရင်ပိုမှန်တယ်...အကြောင်းကတော့ ဥက္ကဌကြီးရဲ့မြေးမ ဒီက ဒါရိုက်တာ မမကြောင့်ဖြစ်သည်...

ညကအဖြစ်အပျက်တွေကြောင့် မမလေးနဲ့မျက်နာချင်းမဆိုင်ချင်တာနဲ့  ရုံးကို တစ်ယောက်ထဲ အရင်လာလိုက်ချင်းဖြစ်သည် အခုလောက်ဆို ဘယ်လောက်တောင်ဒေါသထွက်နေမလဲမသိ လူလွှတ်ပြီးတော့တောင်ခေါ်ခိုင်းတယ်ဆိုတော့....

"နေပါအုံး ငါကရော  ဘာလို့ရှက်ပြီးရှောင်နေရတာလဲ တစ်ကယ်ဆို ငါကနှစ်နာတဲ့သူလေ သူကသာ ရှက်သင့်တာ...အမှန်ဆို သူကတောင်ငါ့ကိုတောင်းပန်ရအုံးမယ် မူးမူးရှူးရှူးနဲ့

ဟွန်း ငါကစိတ်တောင်ဆိုးသင့်တာကို ...

"Shit အခုတော့ ငါကစိတ်မဆိုးတဲ့အပြင် နေရခက်လို့ရှောင်နေမိတယ် တစ်ကယ်ဆို ညကငါရုန်းလို့ရရဲ့သားနဲ့ ငါလက်ခံမိသွားတာ ရှူးနေပြီ lisa နင်ပြသာနာကောင်ဘဲ အခုဘယ်လိုမျက်နာချင်းဆိုင်မလဲ...

The liar And her lover (Jenlisa)Where stories live. Discover now