"Not in a relationship
But there's a person in my heart
whom i really want to be mine.''Jenအရမ်းပြောင်းလဲသွားတယ် အလုပ်က သူမကိုအများကြီးပြောင်းလဲသွားစေတယ်။ပိုပြီး ရင့်ကျက်လာတယ် အလိုမကျတိုင်း ပေါက်ကွဲမနေတော့ဘဲ သူမ ကိုယ်သူမ ထိန်းနိုင်ခဲ့တယ် ။ အထူးသဖြင့် lisa... ဒီကလေးမ အပေါ်မှာ သူမ ခံစားချက်တွေ ပြောင်းလဲလာတယ်... lisaက သူမအတွက် ပန်းလေးလိုဘဲ တယူတရ အမြတ်တနိုး ရေလောင်းပေါင်းသင်ထားတဲ့ သူမပိုင်တဲ့ ပန်းလေး....
"အတွင်းရေးမှူး ဂင်... lisaရော...
"ဟိုဘက်မှာပါရှင့်....
Computer တစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ liliကိုလှမ်းကြည့်ပြီး Jenပြုံးလိုက်သည်...
"သေချာလေး ဂရုစိုက်ပေးပါ.... ပြီးတော့ အလုပ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ သင်တန်းတွေပါ စီစဥ်ပေးလိုက်ပါ....
"ဟုတ်ကဲ့ မမလေး...
"အာ... မေးလာခဲ့ရင် ငါလို့မပြောနဲ့ company ကလိုအပ်လို့စီစဥ်တာလို့ပြောလိုက် ....
"စိတ်ချပါ မမလေး....
ခေါင်းတစ်ကုတ်ကုတ်နဲ့ computer ရှေ့မှာ အလုပ်ကြိုးစားနေတဲ့liliအခုပုံစံက liliတစ်ချိန်လုံးမက်ခဲ့တဲ့အိမ်မက်ဖြစ်သည် Jenက သူမအိမ်မက်တွေကို ဆက်မက်ခွင့်ပေးတဲ့ တစ်ဦးတည်းတော့ သူလဲဖြစ်သည်....
"အာ.... 1နာရီတောင်ကျော်နေပြီဘဲ မမလေးအတွက် နေလယ်စာ...
Jenရုံးခန်းရှိရာဘက်ကို ပြေးသွားပြီး
"အတွင်းရေးမှူးဂင် မမလေး အတွက်နေ့လယ်စာ စီစဥ်ပြီးပြီလား?စားပြီးပြီလား?
"အခုထိ မစားရသေးဘူး.... ဟိုမမလေးက....
"ဟာ.... ၁နာရီတောင်ကျော်နေပြီကို ခုထိမစားရသေးဘူးလား ကျစ်...
lili.. အတွင်းရေးမှူး ဂင်ရဲ့စကားကို ဆုံးအောင်နားမထောင်ဘဲ အခန်းတံခါးကို ဆွဲဖွင့်လိုက်ကာ
"မမလေး... နေလယ်စာ liliဝယ်လာ...
Jen သူမရဲ့projectအတွက်အရေးပေါ် အစည်းအဝေး လုပ်နေချင်းဖစ်သည်....
"ဒီမှာ တံခါးခေါက်ရမယ်မှန်းမသိဘူးလား
ဟမ်... အဲ့တာကြောင့် အဆင့်မရှိတဲ့သူတွေကို company ထဲမခေါ်ထားချင်တာ နဲနဲလေး နေရာပေးလိုက်တာနဲ့ ရောင့်တတ်လာတယ် ကိုယ့်အဆင့်ကိုယ်မသိဘူး ထွက်သွား အခု....

YOU ARE READING
The liar And her lover (Jenlisa)
Romanceတိမ်တွေက အရောင်ပြောင်းလွယ်တယ်တဲ့လား ဖြူစင်လွန်းနေလို့ လွယ်လွယ်နဲ့ အရောင်ဆိုးခံလိုက်ရတာဆိုရရော......( သေလူ) #Lisa ဘာမှမဆိုင်တာဘဲ ကောင်းပါတယ် တစ်ကယ်လို့များဆိုင်လာပြီး ထပ်ဆိုင်ခွင့်မရှိတော့ရင် ဘယ်လိုလုပ်မလဲ မျက်ဝန်းတွေထဲ...