"သုံးပွင့်ဆိုင်တဲ့
ကျမဘက်ကကြည့်တော့
အဲ့ဒီတစ်ပွင့်လေးက
ကျမနဲ့ဘာမှမဆိုင်ခဲ့ဘူး''ဒီရက်တွေမှာ သေလောက်အောင် ပင်ပန်းတယ်
Jenချစ်တဲ့အရာတွေအများကြီးကိုဆုံးရှုံးခဲ့ရပြီးပြီ။ အဲ့ထဲမှာ သူမက jenနောက်ဆုံးအနေနဲ့ အဆုံးရှုံးမခံနိုင်လို့ လုယူခဲ့တဲ့အရာဖြစ်သည်။လွန်ခဲ့သော ၁နှစ်,
အား...... ကျွတ်~~~
ထိုးကိုက်နေတဲ့ခေါင်းကိုလက်နဲ့ ဖိထားရင်း ဖြည်းဖြည်းချင်း အားယူကာ မျက်လုံးဖွင့်လိုက်တော့ မရင်းနှီးတဲ့အခန်းမျက်နာကြပ် သူမဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ Sea View?
တစ်ချိန်ထဲမှာဘဲ ထိုးကိုက်လာတဲ့သူမခေါင်းကို လက်နဲ့အသာဖိထားလိုက်ပြီး ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကိုစဥ်းစားနေသည်....ငါကဘယ်လိုဒီနေရာကိုရောက်နေတာလဲ?
မဟုတ်မှလွဲရော မမလေးများ?ပြီးခဲ့တဲ့ 10နာရီ....
"တောင်းပန်ပါတယ် liliကိုအလုပ်ထွက်ခွင့်ပေးပါ''
သူမကိုလိုအပ်နေလို့ သူမရှိမှအဆင်ပြေမှာမို့လို့
ထွက်မသွားဖို့တောင်းဆိုခဲ့တဲ့ Jenကိုတစ်ချက်လေးတောင်ငဲ့မကြည့်ဘဲ အခြားသူနောက်ကို ပြေးလိုက်သွားတဲ့ သူမကို စိတ်မနာနိုင်ဘဲ ရင်ဘဲနာခဲ့ရတယ်။ ပြန်ရောက်လာဖို့မျှော်လင့်ခဲ့ပေမဲ့ ဒီစကားတွေကြားဖို့မှမဟုတ်ဘဲ။"စာချုပ်မပြည့်သေးဘူး ငါမင်းကိုနောက်နှစ်အထိပိုင်တယ်ဆိုတာမမေ့ပါနဲ့Lalisa''
"liliရှစ်ခိုးပြီးတော့တောင်းပန်ပါတယ်နော် liliကိုသွားခွင့်ပြုပါ lili တို့မိသားစုအပေါ် မမလေးတို့ရဲ့ကျေးဇူးတွေကိုလဲ ဒီတစ်သက်မမေ့ပါဘူး liliကျိန်းသေပေါက်ပြန်ဆပ်မှာပါ။
"ဒါဆို ငါကရော?
ငါတို့အတူနေခဲ့ကြတာကရော?ဟမ်?
ဘယ်လိုလုပ်မှာလဲလို့?
ငါ့ကိုစွန့်ပစ်ပြီးသွားရလောက်အောင် အဲ့ကောင်ကိုချစ်တာလား?တိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတဲ့
ဒူးထောက်ပြီးသူမရှေ့မှာငိုနေတဲ့ lili ပုံစံက Jenရဲ့အနာကိုပြန်ထူးဆွနေသလို နှလုံးသားတွေပြုတ်ထွက်မတတ်နာကျင်ရသည်... ဒီလိုအဖြစ်မျိုးသူမကိုယ်တိုင်လဲ ကြုံဖူးသည် သူမ ဖေဖေထွက်သွားမည်လုပ်တော့Jen ဒူးထောက်ငိုယိုပြီးတောင်းပန်ခဲ့ပေမဲ့ ဖေဖေဟာ Jenကိုလျစ်လျူပြီးထွက်သွားခဲ့သည်...အခုလဲ Jenဟာ liliမျက်ရည်တွေကိုလျစ်လျူဖို့အဆင်သင့်ဖြစ်နေခဲ့သည်။ ဒါကြောင့် မေမေက Jenကိုမုန်းတာ ဖေဖေနဲ့တူလွန်းလို့။

YOU ARE READING
The liar And her lover (Jenlisa)
عاطفيةတိမ်တွေက အရောင်ပြောင်းလွယ်တယ်တဲ့လား ဖြူစင်လွန်းနေလို့ လွယ်လွယ်နဲ့ အရောင်ဆိုးခံလိုက်ရတာဆိုရရော......( သေလူ) #Lisa ဘာမှမဆိုင်တာဘဲ ကောင်းပါတယ် တစ်ကယ်လို့များဆိုင်လာပြီး ထပ်ဆိုင်ခွင့်မရှိတော့ရင် ဘယ်လိုလုပ်မလဲ မျက်ဝန်းတွေထဲ...