''လူတစ်ယောက်က ဘဝမှာတစ်ခါဘဲသေနိုင်ပေမဲ့ စိတ်ကတော့အခါခါသေနိုင်သတဲ့''ဒီနေ့ လီလီနဲ့ Dateရမှာမို့ Jenရုံးသွားဖို့တတ်ကြွနေသည် အလုပ်တွေမြန်မြန်လက်စသက်ပြီး ရုံးစောစောဆင်းမယ်ဆိုတဲ့အကြံနဲ့ ကိုယ့်ဘာသာတစ်ယောက်ထဲပြုံးနေမိသည်။
"သူနဲ့ထပ်တွေ့နေတုန်းဘဲလား''
မနက်စာစားနေရင်း မေမေ မေးလိုက်တာမို့ Jenပျော်နေတဲ့အပျော်လေး ချက်ချင်းဆိုသလို ပျောက်သွားတော့တယ်
''မေမေ*
Jenတို့ဒီကိစ္စထပ်မပြောဖို့သဘောတူထားတယ်လေ''''နင်တကယ်ဘဲ အဲ့ကလေးမနဲ့ တစ်သက်လုံး အတူနေသွားတော့မှာလား? နင့်ရင်သွေးလေးရော တကယ်ဘဲမလိုချင်ဘူးလား?နင်ကငါ့ရဲ့တစ်ဦးတည်းသော သမီးဆိုတာကိုမမေ့နဲ့နော်
''ရင်သွေးလေးရှိတော့ရော မေမေတို့လိုမျိုး အိမ်ထောင်ရေးမျိုးဖြစ်နေရင် အဲ့ကလေးက ပျော်မယ်ထင်နေလား Jenလိုဘဝမျိုး ထပ်ပြီး အရောက်ခံရမှာလား''
''Jennie Kim**
မေမေဆီက ရင်နာရမဲ့စကားတွေ ထပ်ပြီး မကြားရခင် စားပွဲဝိုင်းကနေထထွက်လာခဲ့လိုက်သည်။
မမတော့ ဘယ်လိုနေမလဲမသိပေမဲ့ လီလီကတော့Dateအကြောင်းတွေးပြီး ရင်ခုန်နေတာနဲ့ အိပ်မပျော်လို့ မနက်စောစောထပြီး ရုံးကိုထွက်လာခဲ့လိုက်သည်။
''တီ~~ တီ***
Bobby? ဒီမှာဘာလုပ်နေတာလဲ
''ကားပေါ်တတ်လေ...
လီလီလဲ အခြားထွေးထွေးထူးထူးတွေးမနေတော့ဘဲ ကားထဲဝင်ထိုင်လိုက်ပြီး
''ဟဲ့ စောလှ ရီလား ရုံးလာတာ''
''အွန်း ရုံးစောစောဆင်းချင်လို့လေ ဒါနဲ့ နင်ကရော အစောကြီးဘာသွားလုပ်မလို့လဲ''
''ငါ? ငါလဲကိစ္စရှိလို့ပေါ့
''နင်တို့ ရုံးမှာDateကြမလို့လား ....မလုပ်နဲ့''
''ရှူးနေလား? ရုံးစောစောဆင်းပြီး ညနေကြမှ Dateမှာ အဲ့တာကြောင့် စောစောလာတာ''
![](https://img.wattpad.com/cover/255183216-288-k988300.jpg)
YOU ARE READING
The liar And her lover (Jenlisa)
Romansaတိမ်တွေက အရောင်ပြောင်းလွယ်တယ်တဲ့လား ဖြူစင်လွန်းနေလို့ လွယ်လွယ်နဲ့ အရောင်ဆိုးခံလိုက်ရတာဆိုရရော......( သေလူ) #Lisa ဘာမှမဆိုင်တာဘဲ ကောင်းပါတယ် တစ်ကယ်လို့များဆိုင်လာပြီး ထပ်ဆိုင်ခွင့်မရှိတော့ရင် ဘယ်လိုလုပ်မလဲ မျက်ဝန်းတွေထဲ...