Ep16 🌚

1.6K 116 14
                                    


''စကားစမြည်းလေးတွေသာ ပြောလိုက်ရရင်
အစာအိမ်ထဲမယ် လိပ်ပြာလေးတွေမြူးနေကြရော...ဒါကိုသူလဲသိတယ်''



လီလီကိုကျောပေးပြီး တစ်ဖက်လှည့်ကာ အိပ်မောကြနေတဲ့ မမ ကိုကြည့်ပြီး မိမိလုပ်ရပ်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေ မတွေးတောချင်။ အခုအ​ခြေအနေလေးက်ိုဘဲသဘောကျ​နေမိတယ်။

''မမ''

ပခုံးကိုကိုင်လှုပ်ပြီး ခေါ်လိုက်ပေမဲ့ မနိုးလာတာမို့
ဘယ်ဖက်လက်ကို မမ လည်တိုင်အောက်ကနေ ထိုးသွင်းလိုက်ပြီး ပခုံးကနေ ဆွဲလှည့်ကာ မျက်နာချင်းဆိုင်စေသည်

''မမ''လို့***

လီလီ အတင်းခေါ်နေတာမို့ မျက်လုံးမှိတ်ထားရင်းကနေ ထူးလာသည်

''အင်း...လီလီ။ ခဏလောက်ထပ်အိပ်ရအောင်နော် လီလီဘေးမှာရှိနေရင် အိပ်လို့ပျော်တာမို့ ခဏလောက်ဘဲထပ်ပြီးအိပ်ရအောင်နော်''


မမဟာ မျက်လုံးဖွင့်မကြည့်ဘဲ လည်တိုင်တွေဆီခေါင်း လာအပ်တော့ မမရဲ့ ဝင်သက်ထွက်သက်တွေဟာ လီလီရဲ့ ရင်ညွန့်ဆီ လာလာရိုက်ခက်နေတာမို့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေပါ ထသွားသည်။


''OMG! စိတ်လှုပ်ရှားလို့သေတော့မှာဘဲ ဟူး

တိုးတိုးလေး တစ်ယောက်ထဲ ငြီးလိုက်ပေမဲ့
အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတဲ့ မမဟာ
လီလီပြောလိုက်တာကိုကြားသွားပြီး အိပ်နေရင်း ဆိုလာသည်။

''တကယ်တော့ မမက လီလီ ကိုဆွဲဆောင်နေတာ

အိပ်ချင်မူးတူးဖြစ်နေတဲ့အသံလေးနဲ့အတူ နှာခမ်းပါးလေးက ခပ်ဟဟနဲ့ ပြုံးပြီးပြောလာတာမို့
လီလီ အကြည့်တွေဟာ မမရဲ့နှာခမ်းကနေ မခွာနိုင်ဘဲဖြစ်နေသည်။


တကယ်ဘဲ လီလီကို ဆွဲဆောင်နေတာဆိုရင်တော​့ အောင်မြင်ကြောင်းကို မမရဲ့ မှေးဖျားလေးကို အသာဆွဲမော့လိုက်ပြီး နှာခမ်းတွေကို ထိကပ်ပြီး သက်သေပြလိုက်တော့ ရယ်သံခပ်တိုးတိုးလေး ထွက်ကျလာသည်။


''နှာဘူးလေး မျက်နှာတောင်မသစ်ရသေးဘူး''

''ဘာဖြစ်လဲ သူဘဲအရင်ဆွဲဆောင်ပြီးတော့ ''
လီလီပြောလိုက်တော့ သဘောကျသွားတဲ့ဟန်နဲ့ ရင်ခွင်ထဲတိုးဝင်လာပြီး ခါးတွေကို တင်းနေအောင်ပွေ့ဖက်လာသည်။


The liar And her lover (Jenlisa)Where stories live. Discover now