Ep (1)

5K 190 5
                                    


ဘဝကြီးကငြီးငွေ့စရာကောင်းတယ်လို့တွေးမိရလောက်အောင် အထီးကျန်မူကိုခံစားနေရတယ် ဂုဏ် ပိုက်ဆံ အပေါင်းအသင်း ယောကျာ်း ဘာမဆို လိုချင်တာအကုန်ရနေပါလျှက်နဲ့ ဘာလိုများအထီးကျန်မူကိုခံစားနေရလဲလို့မေးလာရင် ရေရေရာရာ ဖြေစရာ အဖြေမရှိ သူမကိုယ်တိုင်လဲ အထီးကျန်ခြင်းရဲ့ ဝေဒနာ ကို ရေရေရာရာမသိ...

"Jenn......နိုးရင်ခဏလောက်အောက်ဆင်းခဲ့အုံး''

မနက်စောစောနေထွက်တာကို သူမ မမြင်ဖူးတော့တာ15နှစ်ရှိသွားပြီ အမြဲနေလည်မှနိုးပြီး ညဘက်မှာ အသက်ရှင်နေထိုင်သလို နေလာခဲ့တာ သူမ အသက်10နှစ်အရွယ် သူမဖေဖေ အိမ်ကထွက်သွားကတည်းကဖြစ်သည် ကုတင်ဘေးမှ သောက်လက်စအကျန် ဆေးလိပ်တို လေးကိုမီးညှိပြီး တစ်ချက်နှစ်ချက်ဖွာကာ အောက်ထပ်သို့ ဆင်းလာလိုက်သည်...

Jenn....."အိပ်နေတာကို လာနိုးရလောက်အောင် အရေးတကြီး ပြောစရာရှိတာ ဘာလဲ?''

Jenn'mom..... ''အိမ်ရောင်းလိုက်ပြီး''

Jenn......''ဘယ်လို...ဘယ်သူ့သဘောနဲ့လဲ jennကိုအရင်တိုင်ပင်သင့်တယ်မဟုတ်ဘူးလား?''

Jenn'mom.....''သမီး တိုင်ပင်ရင်ရော ခွင့်ပြုမှာတဲ့လား? လွန်ခဲ့တဲ့ 10နှစ်ကတည်း ဒီအိမ်ရောင်းဖို့ မေမေ ပြောခဲ့တာ jennအမြဲ လက်မခံခဲ့ဘူးလေ''

Jenn......."ဒီအိမ်က မေမေအိမ်မဟုတ်ဘူး ဖေဖေ အိမ် ပြီးတော့ ဖေဖေက...

Jenn'mom......''တော်တော့ jennဘယ်အချိန်ထိ အိမ်ကထွက်သွားတဲ့သူကိုမျှော်နေအုံးမှာလဲ 15နှစ်တောင်ကြာသွားပြီ အခုချိန်ထိ မသိသေးဘူးလား နင့်အဖေက ငါတို့ကိုပစ်သွားပြီဆိုတာကို''

Jenn.......''ဟင့်အင်း ဖေဖေက ဘာကိစ္စ နဲ့ဂျင်းကို ပစ်သွားရမှာလဲ အကယ်၍ပစ်သွားခဲ့တယ်ဆိုရင်တောင် မေမေ့ကို နေမှာပေါ့ မဟုတ်ဘူးလား''

ဖြန်း.........

ပါးတစ်ခြမ်းလုံးစပ်ဖျင်းဖျင်း ဖြစ်သွားပြီး ပူထူသွားပေမဲ့ အပြုံးမပျက် မေမေကို ဒေါသထွက်ပြီးနာကျင်စေမဲ့စကားတွေဘဲ တစ်လည်ဆက်​ပြောနေခဲ့မိတယ် တစ်ကယ်ဆို မေမေ့ကိုမုန်းလို့မဟုတ်ဘဲ.....စွန့်ပစ်သွားတဲ့ဖေဖေကို အရမ်းသတိရပြီး နာကြဥ်းလို့ ဖေဖေကိုယ်စား မေမေကို အပြစ်မြင်ကာ အစားထိုး ပြောနေမိချင်းဖြစ်သည်...

The liar And her lover (Jenlisa)Where stories live. Discover now