🌻 မျက်ကွယ်ပြုလိုက်မှအဆင်ပြေသွားမဲ့ အရာတွေရှိတယ် နေကြာ..... ညတွေကိုဘဲ အပြစ်တင်ရမလား....မင်းကိုမစွန့်လွတ်နိုင်တဲ့ ငါကိုယ်ငါဘဲ အပြစ်တင်ရမလား...🌻စွန့်လွတ်လိုက်ပြီဆိုကတည်းက မဆိုင်တော့ဘူး မဟုတ်လား။ ဘယ်တုန်းကများ ကိုယ့်အပိုင်ဖြစ်ခဲ့ဖူးလို့ဒီလောက် ဝမ်းနည်းနေရတာလဲ ။ Jisoo unnieပြောဖူးသလို ''လူတိုင်းကအချစ်နဲ့ပက်သတ်လာရင် နူးညံလာကြသလို ထိလွယ်ရှလွယ်လာကြတယ်တဲ့''
Jenn တကယ့်ကိုပင်ပန်းနေပြီ unnie ရယ်ကားမောင်းပြီး ပြေးထွက်လာခဲ့ပေမဲ့ ဓာတ်လှေကားထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် ကားတောင်ဆက်မမောင်းနိုင် တစ်သွင်သွင်စီးကျလာတဲ့မျက်ရည်တွေကြောင့် မျက်လုံးထဲ ဘာမှမမြင်နိုင်တော့တာမို့ ကားကိုလမ်းဘေးထိုးရပ်လိုက်ရတော့တယ်။
တစ်ဖတ်သက်အချစ်ဆိုတာ တစ်နည်းပြောရရင် တစ်ဖက်သက် ဝဋ်ကြွေးဘဲမဟုတ်လား...
လူတွေအများကြီးရှိပါလျက် ပိုင်ရှင်ရှိတဲ့သူကိုမှရွေးချစ်မိသွားကတည်းက ဒါကဝဋ်ကြွေးမဟုတ်ရင် ဘာလဲ...Jisoo Unnie ကိုဆေးရုံကိုလာခေါ်ပေးမယ်ပြောထားပြီး အခုတော့ ကိုယ့်ဘာသာတောင် အိမ်မပြန်နိုင်တော့တာမို့ Phဆက်ပြီးလာခေါ်ခိုင်းရတော့သည်။
Ring~~~~
"ကောင်မစုတ်လေး ဘာလို့နောက်ကျနေတာလဲ
လာကြိုမယ်ဆိုလို့စောင့်နေတာကို...Jen ................(crying ****)
"yrr အဆင်ပြေရဲ့လား ဘာလို့ပြန်မဖြေတာလဲ
"Un...Unnie......(crying***)
"ငိုနေတာလား... ဘယ်မှာလဲ ငါ အခုချက်ချင်းလာခဲ့မယ်။
တကယ့်ကိုဘဲ မေမေပြီးရင် Jisoo unnie က Jenရဲ့ အရေးကြီးဆုံး မိသားစုဘဲ။ တကယ့်မိသားစုထပ်တောင် Jenအပေါ်နားလည်အပေးနိုင်ဆုံး လူသားလေးပေါ့
------------------------------------------------------------------
ဓာတ်လှေကားထဲ လီလီတို့ ၂ယောက်အတူရှိနေတာမြင်ပြီး ပြေးထွက်သွားကတည်းက လီလီသိလိုက်သည် သူမ အထင်လွဲသွားမှန်း။ အနောက်ကနေပြေးလိုက်သွားပြီး ဘာမှမဟုတ်တော့ကြောင်း ရှင်းပြလိုက်ချင်ပေမဲ့ တစ်ကယ့်ကိုဘာမှမဆိုင်တော့တာက မမလေးနဲ့ လီလီဖြစ်နေတာကြောင့်
အခုလိုအခြေအနေတွေကိုဖန်တီးနေတဲ့ ကံကြမ္မာကိုဘဲ အပြစ်ပုံချလိုက်တော့သည်။
YOU ARE READING
The liar And her lover (Jenlisa)
Romanceတိမ်တွေက အရောင်ပြောင်းလွယ်တယ်တဲ့လား ဖြူစင်လွန်းနေလို့ လွယ်လွယ်နဲ့ အရောင်ဆိုးခံလိုက်ရတာဆိုရရော......( သေလူ) #Lisa ဘာမှမဆိုင်တာဘဲ ကောင်းပါတယ် တစ်ကယ်လို့များဆိုင်လာပြီး ထပ်ဆိုင်ခွင့်မရှိတော့ရင် ဘယ်လိုလုပ်မလဲ မျက်ဝန်းတွေထဲ...