အချစ်ကြီးရင် အမြတ်ကြီးတယ်ဆိုတဲ့ ငယ်ငယ်ကဖေဖေပြောတဲ့စကားရဲ့အဓိပ္ပါယ်ကို အခုမှ ကောင်းကောင်းသဘောပေါက်လာတယ်။
တကယ်လဲ အချစ်ရဲ့အမြတ်ဒေါသတွေကို လီလီ ခါးစည်းခံသင့်တယ်မဟုတ်လား
"ဒီလောက်နဲ့ဘဲ လီလီကို လက်လွှတ်ပေးလိုက်ပါတော့လားဟင်''
လက်မှတ်ထိုးရမဲ့စာရွက်တွေကို Jenအရှေ့ချအပြီး သူမဆိုလာတဲ့စကားဖြစ်သည်။
တစ်နေ့ကို အနည်းဆုံးတော့ ၃ကြိမ်ထပ်မက လီလီဟာ Jenကိုတောင်းဆိုသည်။ အရင်တုန်းက တောင်းဆိုဖူးတဲ့ပုံစံအတိုင်း မျက်ဝန်းအကြည့် တွေကအစတစ်ထပ်တည်း။ လီလီဟာ အင်မတန်မှနားလည်ရခက်တဲ့မိန်းမမျိုး။ လိုချင်လွန်းလို့ မရရအောင် လုယူထားတုန်းကလဲ သူမကိုယ်တိုင်ဘဲ ထွက်သွားခွင့်တောင်းလို့ Jenခွင့်ပြုလိုက်ရတယ်။စွန့်လွတ်ပြီးခါမှ ထိုအမျိုးသမီးရဲ့ချစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘဲJen ဘဝထဲ ဒုတိယအကြိမ် သူမကို ပြန်ဝင်ခွင့်ပေးမိခဲ့တယ်။
အခုလဲ~~~~အတင်းဖျက်ဆီးလုယူထားတဲ့အရာမို့လို့ထင်ပါတယ် ပျော်ရွင်မူထပ် စိုးရိမ်ပူပန်မူက များနေတယ်။ ဝဋ်ဆိုတာနောင်ဘဝမကူးဘူးဆိုသလိုမျိုး အလုခံရတာတော့ မဟုတ်ပေမဲ့ ကိုယ့်ကိုအသုံးချသွားမှန်းသိလိုက်ရတော့ သိမ်မွေ့ဖို့ကြိုးစားနေတဲ့ စိတ်ရိုင်းတွေဟာ အရင်ကထက်ပိုအားကောင်းလာသယောင်။ Jenရဲ့ သူမအပေါ် ထားတဲ့ခံစားချက်တွေအရမ်းကြီး အထိမနာခင် သူမဖျက်တောက်ပေးလိုက်သလိုမျိုးဘဲ ချက်ချင်းဆိုသလို မျှော်လင့်ထားသမျှ ကြိုးစားထားသမျှတွေအကုန် မိနစ်ပိုင်းအတွင်းပျက်စီးသွားရပြန်တယ်။
လီလီရဲ့ အတ္တတွေက သိပ်ကိုမာနကြီးပါတယ်ဆိုတဲ့ Jenကို သိမ်ငယ်စေလာအောင်အမြဲလုပ်တယ်။
''ဘာဖြစ်လို့ အဲ့လိုစကားတွေပြောနေတာလဲ အချစ်ရယ် ....
ရှူး......ထိုင်ခုံမှာထိုင်နေရာကနေ သူမအနားတိုးသွားလိုက်ပြီး Jenလက်ညိုးထိပ်လေးနဲ့ သူမနှာခမ်းကိုသွားထိလိုက်တော့ ခြေလှမ်းတွေဟာနောက်ကိုဆုတ်သွားတယ် အရမ်းခပ်လှမ်းလှမ်းမရောက်ခင် လည်တိုင်ကနေ စောင့်ဆွဲလိုက်ပြီး သူမနား နားကပ်ကာ...
YOU ARE READING
The liar And her lover (Jenlisa)
Lãng mạnတိမ်တွေက အရောင်ပြောင်းလွယ်တယ်တဲ့လား ဖြူစင်လွန်းနေလို့ လွယ်လွယ်နဲ့ အရောင်ဆိုးခံလိုက်ရတာဆိုရရော......( သေလူ) #Lisa ဘာမှမဆိုင်တာဘဲ ကောင်းပါတယ် တစ်ကယ်လို့များဆိုင်လာပြီး ထပ်ဆိုင်ခွင့်မရှိတော့ရင် ဘယ်လိုလုပ်မလဲ မျက်ဝန်းတွေထဲ...