Ep 12 💔

986 113 5
                                    

"အတူတူကြည့်ရတဲ့ ငရဲဟာ
မလှပဘူး''



"နေရာအနှံံ့ရှာကြ''

"ဘယ်သူမို့လို့ အိမ်ထဲကိုအတင်းဝင်လာတာလဲ''

"ဖယ်စမ်း!!
အိမ်အနှံံ့ရှာကြ...
ဟုတ်ကဲ့''

"ဒီမှာ ရဲခေါ်လိုက်ရမလား ခွင့်မပြုဘဲ သူများအိမ်ထဲအတင်းဝင်ရှာတာ''

"ဖမ်းစမ်းပါ...

အောက်ထပ်က ဆူညံံ့သံတွေကြောင့် Jenရော liliပါနှစ်ယောက်လုံးလန့်နိုးသွားသည်
Jenတို့အခန်းရှိရာဖက်ကို ပြေးဝင်လာတဲ့ခြေသံတွေကြားပြီး မကြာဘူး တံခါးကိုအတင်းကန်ဖွင့်သံကြားလိုက်ရသည်။

"တောင်းပန်ပါတယ် မမလေး ကျတော်နဲ့ ဆိုးလ်ကိုအခုချက်ချင်းပြန်လိုက်ခဲ့ရပါမယ်''

liliလေးကတော့အရမ်းလန့်နေတဲ့ပုံဘဲ Jenလက်မောင်းကို ကိုင်ကာ မျက်လုံးအဝိုင်းသားနဲ့ နားထောင်နေသည်။



"ဘယ်လိုလုပ်ကြမလဲ ဆိုးလ်ကိုပြန်သွားရတော့မယ်ထင်တယ်''

Jen သူမမျက်လုံးကိုစိုက်ကြည့်ပြီးပြောလိုက်တော့ မျက်လုံးတွေအရောင်လက်သွားတာကို မြင်လိုက်ရတယ်။ liliက တကယ့်ကိုJenဆီက လွတ်မြောက်ချင်နေတာဘဲဆိုတာပိုပြီးနားလည်သွားခဲ့တယ်။



ယောင်းနဲ့ကြီးမေကိုတောင်နှုတ်ဆက်ချိန်မရအလောတကြီးပြန်လာခဲ့ရသည်။


liliတို့တစ်လမ်းလုံး စကားမပြောဘဲ ကားပြတင်းပေါက်မှန်ကနေအပြင်က်ိုသာငေးပြီးတိတ်တဆိတ်ပြန်လာခဲ့ကြသည်။

-----------------------------------------------

ဖြန်း!

စံအိမ်ထဲကိုရောက်ရောင်ချင်းဘဲ ဥက္ကဋ္ဌကြီး က liliတို့ဆီလျှောက်လာခဲ့ပြီး မနှစ်မြို့စရာကောင်းတဲ့အကြည့်နဲ့ကြည့်ကာ လက်ရွယ်လိုက်တာမို့ liliအလိုက်သင့် မျက်လုံးမှိတ်လိုက်သည်။

အဖိုး!!!!

အရိုက်ခံလိုက်ရတဲ့အသံနှင့်အတူ လှဲကြသွားတဲ့ မေမေ့ကို မြင်လိုက်ရတော့ Jen ကိုယ်တိုင်အရိုက်ခံလိုက်ရသလို နှလုံးသားတစ်ခုလုံးနာကျင်သွားသည်။

The liar And her lover (Jenlisa)Where stories live. Discover now