1

19.9K 1K 54
                                    

နန်းတော်ရင်ပြင်တွင်လူအပေါင်းရဲ့နာနာကျင်ကျင်အော်ဟစ်သံများနှင့် ဓါးသံတို့ဟာတချွင်ချွင်နဲ့ဆူညံနေတယ် မီးလောင်ကျွမ်းနေသံတို့ဟာလည်းတဗျစ်ဗျစ်

နဂါးနီဝတ်ရုံကိုဆင်မြန်းထားသောလူတစ်ယောက်ကတော့ သူ့အခန်းထဲမှာတံခါးဝကိုကျောပေးရပ်ရင်းလာခေါ်မယ်ပြောတဲ့တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေ​လေတယ်။

ဝုန်းခနဲတံခါးပွင့်သံနှင့်အတူ ကြမ်းတမ်းစွာလှမ်းလိုက်တဲ့ခြေသံကြောင့် အလန့်တကြားနောက်လှည့်ကြည့်မိတော့ စိမ်းဖန့်ဖန့်ဝတ်ရုံကိုဝတ်ဆင်ထားသော သူ့ရဲ့ကြင်ယာတော် လက်ထဲတွင်လည်းသွေးများစွန်းပေနေသောဓါးတစ်လက်ကိုကိုင်ထားကာ သူတစ်ခါမှမမြင်ခဲ့ဖူးတဲ့အပြုံးမျိုးပြုံးနေသေးသည်။

မျှော်လင့်နေတဲ့လူဆိုပေမယ့် ကြင်ယာတော်ရဲ့အပြုအမူကြောင့်နည်းနည်းတော့စိုးရိမ်လာမိတယ်

"ဝမ်..."

ကြင်ယာတော်ဝမ်ကဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး သူ့လက်ထဲမှဓားနဲ့တည့်တည့်ချိန်ထားလိုက်တယ်။

"အပြစ်လုပ်ထားပြီးထွက်ပြေးလို့ရမယ်ထင်နေတာလား"

"မင်း မင်းသစ္စာဖောက်ပဲ..."

"အဟက် ကျုပ်အစတည်းကအရှင့်ဆီမှာသစ္စာမခံထားပါဘူး ကိုယ်ထင်တာတွေဇွတ်ပြောမနေနဲ့"

"မင်း..."

"ခင်ဗျားကခပ်အအ ဘုရင်တစ်ပါးဖြစ်နေလို့သာ အခုလိုပုန်ကန်ဖို့ပိုလွယ်သွားတာ
စိတ်ချပါ ခင်ဗျားကိုအညင်သာဆုံးနည်းနဲ့အသက်ပေးထွက်ပါ့မယ် ရှောင်ကျန့်"

"...."

သူအံ့သြလွန်းလို့ဘာမှမပြောနိုင်တော့ပေ။ သူသိတဲ့ကြင်ယာတော်ဝမ်ကဒီလိုစကားတွေကိုမပြောတတ်ဘူး အမြဲတမ်းသူ့အပေါ်ဂရုစိုက်နားလည်ပေး​ကြင်နာ​ပေးတဲ့လူတစ်ယောက်။

ဒါဆို ဒါတွေအားလုံးကအတုအ​ယောင်တွေ သူ့ကိုအယုံသွင်းခဲ့တာတွေပေါ့

မင်းကြီးရှောင်ကျန့်ဟာတုန်လှုပ်စိတ်နဲ့နောက်ကိုယိမ်းယိုင်ကာဖင်ထိုင်ရက်လဲကျသွားတယ်။

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now