3

7.3K 763 12
                                    


ဘာတွေနဲ့ရောစပ်ထားမှန်းမသိတဲ့ ဆေးခါးကြီးတွေသောက်ပြီးတဲ့နောက် ခေါင်းကအနည်းငယ်ကြည်လင်လာခဲ့ပြီ။

ဒါပေမယ့် ခဏပါပဲ အုပ်လိုက်ကြီးရောက်ချလာတဲ့ကိုယ်လုပ်တော်တစ်သိုက်ကြောင့် စောင်ထဲသာခေါင်းမြီးခြုံကာအိပ်ချင်ယောင်ဆောင်နေလိုက်ချင်တော့တယ်။

အရှေ့မှစိုးရိမ်တကြီးနဲ့ထိုင်ကြည့်နေတဲ့မိဖုရားလင်းဆိုတဲ့ကောင်လေးနဲ့ သူ့နောက်မှကိုယ်လုပ်တော်ဆိုတဲ့အမျိုးသမီးတွေနဲ့အမျိုးသား(ကော) ဆယ်ယောက်ကို ရှောင်ကျန့်စိတ်ပျက်လက်ပျက်ပြန်ကြည့်နေမိတယ်။

ဒီနေ့အိမ်ကထွက်လာတုန်းကဗေဒင်လေးမေးကြည့်ခဲ့သင့်တာကွာ
သေခါနီးအဖိုးကြီးကိုလူနာလာမျှော်နေကြသလိုပဲ မင်းတို့ဟာက

လင်းကျိုးရန်
အသက်ဆယ့်​ရှစ်နှစ် ရှောင်းတိုင်းပြည်ရဲ့အိမ်နီးချင်းတိုင်းပြည်မှမင်းသားတစ်ပါး
ပန်းချီဆွဲခြင်းကိုဝါသနာပါတယ်။ ပြီးတော့ ကောတစ်ယောက်။ ကောဆိုတော့ ရုပ်ရည်ကတော့ပြောစရာမလို လုံးဝ perfect
မိန်းကလေးနီးပါး မဟုတ်ဘူး မိန်းကလေးတွေထက်တောင်လှသေးတယ်။

ဝတ်ရုံစကိုဆုပ်ကိုင်ထားတဲ့လက်ကလေးကသေးသွယ်ပြီးဖြူဖြူဥဥလေး ပါးမို့မို့လေးနှစ်ဖက်ကပန်းရောင်ပင်သန်းနေသေးသည်။ ဘယ်လောက်ငိုထားလဲတော့မသိ မျက်လုံးတွေကတော့ဖူးယောင်လို့

လင်းတိုင်းပြည်ကိုရှောင်းတိုင်းပြည်ကသိမ်းကာ သူတို့တိုင်းပြည်မှမင်းသားလင်းကျိုးရန်ကို မိဖုရားအဖြစ်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ ထိုသို့မတရားသိမ်းပိုက်ထားတာတောင် လင်းကျိုးရန်ကခန္ဓာပိုင်ရှင်အပေါ် မုန်းတီးစိတ်မရှိခဲ့ပါ

ကျန်တဲ့သူ့ရှေ့မှာရှိနေတဲ့ကိုယ်လုပ်တော်တွေကလည်းအဲ့လိုပဲ သိမ်းပိုက်ထားတဲ့တိုင်းပြည်တွေကအလှဆုံးမင်းသား(ကော)၊မင်းသမီးတွေချည်းပဲ မင်းသားမင်းသမီးမဟုတ်ကျရင်တောင် လှတယ်ဆိုရင်သိမ်းပြီးသားပဲ

ဒါပေမယ့် အဲ့လူတွေထဲမှာလင်းကျိုးရန်ကအလှဆုံးလို့ပြောလို့ရတယ်။ ဒါကြောင့်လည်းဘုရင်ရှောင်ကျန့်ကလင်းကျိုးရန်ကိုမိဖုရားခေါင်နေရာထားတာဖြစ်လိမ့်မယ်။

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora