ကိုယ်ရံတော်လေးယောက်ခြံရံလို့ရှောင်းဘုရင်ငယ်ကိုလွတ်မြောက်ရာသို့ခေါ်ဆောင်သွားကြတယ်။ ဘုရင်ငယ်လေးကတော့ နီရဲရဲပုံရိပ်လေးကိုလှည့်ကြည့်လှည့်ကြည့်နဲ့ကိုယ်ရံတော်တွေခေါ်ရာနောက်ပါသွားတော့တာပဲတိုက်ခိုက်နေကြသောလူအုပ်ကြားထဲမှ လင်းကျိုးရန်နဲ့လင်းရှီကတစ်ယောက်ကိုတစ်ယောက်ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့လူဆယ့်ငါးယောက်လောက်ခေါ်ကာထွက်ပြေးသွားသောရှောင်းဘုရင်နောက်သို့လိုက်သွားလေသည်။
တစ်ဖက်မှာလည်း မယ်တော်ကြီးအဆောင်ရှေ့တွင်လည်းတိုက်ခိုက်သတ်ဖြတ်နေကြသောလူအုပ်ကြီးရှိနေသေးတယ်။ အဆောင်ထဲတွင်တော့မတုန်မလှုပ်ရပ်လို့တံခါးပေါက်အားစိုက်ကြည့်နေတဲ့မယ်တော်ကြီးရှိတယ်။
သူမရှေ့မှာတော့မားမားမတ်မတ်ရပ်တည်ပေးနေသောယွဲ့အမတ်ကြီး သူမွေးနေ့တော်ကနေစောစောထွက်လာခဲ့တာကောင်းသွားတယ်
အရှင်မင်းကြီးရဲ့မွေးနေ့ရက်မှာမှလုပ်ကြံရတယ်လို့
ပွင့်လာမယ့်တံခါးကိုသာနှစ်ယောက်သားမျက်တောင်မခတ်တမ်းကြည့်နေကြတယ် ထိုစဥ်အနောက်မှခပ်အက်အက်ရယ်သံကထွက်လာတယ်
ယွဲ့အမတ်ကြီးနားမလည်သလိုလှည့်ကြည့်လိုက်တယ်
"မယ်မယ်.."
"မထင်ထားခဲ့ဘူး ငါလည်းတစ်နေ့ဒီလိုမျိုးလုပ်ကြံမှုနဲ့သေရလိမ့်မယ်လို့"
"..."
" သူ ငါ့ကြောင့်သေခဲ့ရပေမယ့် ငါ့ကိုအပြစ်မမြင်ခဲ့ဘူး
အဆုံးထိ... နောက်ဆုံးထိ... သူ့မျက်ဝန်းထဲမှာငါ့ကိုမုန်းတဲ့အကြည့်ကိုမတွေ့ခဲ့ဘူး သူ... ငါ့ကို ဘာ့လို့မမုန်းခဲ့တာလဲ"ယွဲ့အမတ်ကြီးရဲ့ဓါးကိုင်ထားတဲ့လက်တို့ကတင်းကြပ်သွားတယ်
"နွန်အာက မင်းကိုဘယ်လိုလုပ်မုန်းနိုင်ခဲ့ပါ့မလဲ
... သူကမင်းကိုသိပ်မြတ်နိုးတာ ငါအမြဲတမ်းမင်းကိုမေးချင်နေခဲ့တာရှိတယ် ""မေးလေ ဒီအချိန်ကငါတို့နှစ်ယောက်အတွက်နောက်ဆုံးအချိန်လည်းဖြစ်ချင်ဖြစ်နိုင်တာပဲဟာ "
ESTÁS LEYENDO
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfic𝐘𝐢𝐳𝐡𝐚𝐧 𝐟𝐚𝐧𝐟𝐢𝐜 [𝗡𝗼𝘁 𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻]✓ အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံသေး ငါလေးက'ကော'တစ်ယောက်တဲ့ (သွေးတစ်ပွက်အန်သွား) လက်ခလယ်ပဲနော် 6ᵗʰ Sᴛᴀʀᴛ - 11.6.2021 Eɴᴅ - 3.11.2021 အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံ...