31

5.4K 645 38
                                    


အရှင်မင်းကြီးကသူ့ကိုယ်ရံတော်အားလာကြည့်တယ်ဆိုသောသတင်းကြောင့်အချုပ်ခန်းအစောင့်တွေရဲ့စိတ်ထဲကနေကိုယ်ရံတော်အတွက်ဖယောင်းတိုင်ထွန်းပေးလိုက်ကြတယ်။

သူတို့ထင်တာ အရှင်ကိုယ်တိုင်လာကွပ်မျက်ပြီလို့လေ..

ဘယ်လောက်ပဲအလေးပေးခဲ့ပါစေ ကိုယ့်မိဖုရားကိုကြံရင်တော့ဘယ်သူကသည်းခံနိုင်မလဲနော် ..

အစောင့်တွေဟာစုပ်တသတ်သတ်နဲ့

ရိပေါ်သူ့လက်ကောက်မှသံကွင်းကိုကြည့်ပြီးမဲ့ပြုံးပြုံးလိုက်တယ်။

သူ့ကိုဒီအရာတွေကတားဆီးနိုင်မယ်လို့တကယ်ထင်နေတာလား လင်းကျိုးရန်ကတကယ့်အပျက်ကောင်ပဲ

အရှင့်အမိန့်ကိုတောင်မစောင့်ဘဲလင်းကျိုးရန်ကသူ့ကိုသေဒဏ်ပေးလိုက်တာ တကယ်ပဲ အဲ့လိုဦးနှောက်လေးနဲ့အရှင့်ကိုသတ်ဖို့စဥ်းစားနေသေးတယ်

သူတို့နဲ့မပူးပေါင်းတဲ့အတွက်ရိပေါ်ကချောက်ချခံလိုက်ရတာ သူလွတ်အောင်ပြေးလို့ရပေမယ့်အချိန်မတိုင်သေးဘူး တစ်စုံတစ်ခုကိုအတည်ထပ်ပြုရအုံးမယ်

ရုတ်တရက်သူ့ကိုချုပ်ထားတဲ့အကျဥ်းခန်းတံခါးဟာပွင့်လာတယ်။ သူအရင်ဆုံးမြင်လိုက်ရတာကအဝါရောင်အပိုင်းအစလေးနဲ့အနက်ရောင်ဖိနပ်ဦးထိပ်လေး..

ရိပေါ်မော့ကြည့်လိုက်တော့ တံခါးဝတွင်ရပ်နေသောအဝါရောင်အရိပ်လေး

"လောင်ဝမ် .."

စိုးရိမ်နေပုံကအရမ်းသိသာတယ် ရိပေါ်ဘာမှမဖြစ်သလိုပြုံးပြလိုက်တယ်။

ရှောင်ကျန့်ကတံခါးကိုပိတ်လိုက်ပြီးကျိုးချင်ကိုအပြင်မှာသာစောင့်နေစေတယ်။အကျဥ်းခန်းဟာငြီစို့စို့အနံ့တို့ထွက်နေပြီးမသတီစရာကောင်းနေတာမို့ ရှောင်ကျန့် ရိပေါ်အတွက်စိတ်မကောင်းဖြစ်သွားရတယ်။

ရိပေါ်တစ်ကိုယ်လုံးအားအစုန်အဆန်ကြည့်ကာရှောင်ကျန့်စိတ်လည်းတိုသလို ရိပေါ်ကိုဒီလိုပုံစံဖြစ်အောင်လုပ်သွားကြတဲ့လူတစ်သိုက်ကိုလည်းစိတ်မကောင်းဖြစ်သွားရတယ်

သူတို့ကအိပ်နေတဲ့ခြင်္သေ့ရဲ့နှုတ်ခမ်းမွှေးကိုသွားနှုတ်ကြတာပဲ

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora