လမ်းဘေးစျေးသည်တို့၏အသံစွာစွာစွာစွာဖြင့်ရောင်းချနေသံများဟာ စျေးအတွင်းဆူညံလျက်ရှိနေလေသည်။
ဆိုင်ခန်းများထဲရှိစားသောက်နေကြသောလူတွေဟာလည်းရောက်တတ်ရာရာစကားများအားပြောဆိုနေကြပြီး စျေးလမ်းမထက်တွင်တော့ကလေးတစ်သိုက်ရဲ့ဆော့ကစားနေမှုကြောင့်သွားလာနေသူများကိုပင်တွန်းတိုက်မိသွားကြသေးသည်။အမှတ်တရအမွှေးအိတ်လှလှလေးများနှင့်မိန်းကလေးသုံးအလှကုန်များရောင်းချနေသောမိန်းမပျိုလေးဟာလည်းသူမ၏ချိုသာသောအသံကိုသုံးကာ လှပျိုဖြူတို့အားသူမ၏ကုန်ပစ္စည်းအရည်အသွေးတို့အားပြောဆိုကာ ဝယ်ချင်လာရန်ပြောဆိုရောင်းချနေလေသည်။
ကောက်ရိုးခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းထားပြီး ခပ်နွမ်းနွမ်းအဝတ်တို့ဝတ်ဆင်ထားသောလူတစ်ယောက်ဟာထိုမိန်းကလေး၏စျေးဆိုင်ရှေ့တွင်ရပ်တန့်သွားပြီးအမွှေးအိတ်တစ်အိတ်ကိုကိုင်တွယ်ကြည့်ရှုလာလေသည်။
သူ့ရဲ့ကုန်စည်ကိုစိတ်ဝင်တစားကြည့်လာတဲ့လူကိုတွေ့တော့မိန်းကလေးဟာအပြုံးချိုချိုတို့ဖြင့် သူမကုန်စည်ရဲ့ကောင်းကြောင်းတွေကိုဟုတ်သည်မဟုတ်သည်အပထားအမွှန်းတင်ကာပြောဆိုလာတော့သည်။
"အစ်ကိုလေး အဲ့ဒီအမွှေးအိတ်ကအရှေ့တိုင်းပြည်ကနူးညံ့လှတဲ့ချည်သားနဲ့ရက်လုပ်ထားပြီး သစ်ခွပန်းနံ့သင်းသင်းလေးကလည်းတစ်ချိန်လုံးမွှေးပျံ့နေမှာပါ သာမန်အမွှေးအိတ်တွေထက်တစ်ပတ်ကြာအောင်အမွှေးနံ့ကတာရှည်ခံပြီး ကြေးပြားငါးပြားပဲကျပါတယ်ရှင့်..."
အရှေ့တိုင်းပြည်ကချည်ထည်နဲ့ရက်လုပ်ထားတာတဲ့လား
သူတော့ သဘောကျလောက်မှာပါ...လူငယ်ဟာအမွှေးအိတ်လေးအားနှာခေါင်းအနားသို့ကပ်ကြည့်လိုက်တယ်။
ထို့နောက်သူ၏ပါးလျသောနှုတ်ခမ်းလေးကလှပစွာကော့တက်သွားခဲ့ပြီး ကလေးဆန်ဆန်သာယာနာပျော်ဖွယ်အသံလေးကထွက်ပေါ်လာခဲ့တယ်။"ကျွန်တော်နှစ်ခုယူပါ့မယ် ကျေးဇူးပါ.."
မိန်းမပျိုလေးဟာပြုံးပြုံးရွှင်ရွှင်ပင်သူမ၏စျေးဝယ်သူအားအမွှေးအိတ်နှစ်အိတ်ပေးလိုက်ပြီး ပေးလာသောကြေးဆယ်ပြားအားသူမခါးထက်ရှိငွေအိတ်ထဲသို့ထည့်လိုက်လေတော့သည်။

ВЫ ЧИТАЕТЕ
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)
Фанфик𝐘𝐢𝐳𝐡𝐚𝐧 𝐟𝐚𝐧𝐟𝐢𝐜 [𝗡𝗼𝘁 𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻]✓ အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံသေး ငါလေးက'ကော'တစ်ယောက်တဲ့ (သွေးတစ်ပွက်အန်သွား) လက်ခလယ်ပဲနော် 6ᵗʰ Sᴛᴀʀᴛ - 11.6.2021 Eɴᴅ - 3.11.2021 အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံ...