ရှောင်ကျန့်တို့မသိလိုက်တာက ထိုနေ့ကအကျဥ်းထောင်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကိုအစအဆုံးမြင်လိုက်ရတဲ့လူတစ်ယောက်ရှိနေခဲ့သေးတယ်ဆိုတာပဲ ထိုလူကတော့ယွဲ့မင်ရှန်းဖမ်းခေါ်ထားတဲ့ လင်းရှီပင်ဖြစ်သည်။(AN: မင်ရှန်းရေ နင်အဲ့မှာမနေနဲ့တော့ ဂိုဏ်းချုပ်ဆီကိုသာပြေးတော့ဟ!)
လင်းရှီကဉာဏ်ပြေးသူပီပီအရာအားလုံးကိုစေ့စပ်တွေးကြည့်တော့ ဝမ်ရိပေါ်အဆိပ်မိရတဲ့အကြောင်းကသူ့ကိုကိုလင်းကျိုးရန်လက်ချက်မှလွဲအခြားသူမရှိနိုင်မှန်းသိတယ်
အဲ့ဒါထက်ရှောင်းဘုရင်ရဲ့ အကျဥ်းသားကိုခိုးထုတ်သွားပုံကသူ့ကိုပိုလို့မသင်္ကာဖြစ်စေတယ်။ကောလဟာလတွေထဲကအတိုင်း ရှောင်းဘုရင်နဲ့ဝမ်ရိပေါ်ဟာ ဟိုလိုလိုသည်လိုလိုဆိုတာတကယ်များလား
လင်းရှီရဲ့နှုတ်ခမ်းစွန်းလေးကကောက်ကျစ်စွာကော့တက်သွားခဲ့တယ်။ တကယ်လို့ထိုအကြောင်းသာမှန်ရင်တော့ သူ့အသဲလေးသေလို့ ရှောင်းဘုရင်တော်တော်လေးခံစားနေရတော့မှာပဲ
လင်းရှီ သူ့အရှေ့မှဖြတ်သွားတဲ့ရဲမက်လေးကိုမြင်တော့ တိုင်လုံးတွေနားကပ်ကာလက်ယပ်လှမ်းခေါ်လိုက်တယ်။
"ဟေ့ ဟေ့ ခဏလာပါအုံးကွ"
ရဲမက်လေးကတစ်ချက်သာလှည့်ကြည့်ပြီး ဂရုမစိုက်စွာသူ့တာဝန်အရကင်းလှည့်ဖို့ပြင်တယ်။
"ခဏလေးပါကွာ ပြောစရာရှိလို့"
"ဘာလဲ" ပြန်ဖြေပုံကဘုကျကျနှင့်မို့ လင်းရှီမျက်ခုံးပင့်မိတယ် လင်းရှီလက်ညိုးနဲ့အနားလာပုံစံလုပ်ပြလိုက်တော့ ထိုအစောင့်ရဲမက်လေးကစိတ်မရှည်သလိုသက်ပြင်းချလိုက်ပြီးအနားကိုမဆိုစလောက်လေးကပ်လာတယ်။ လင်းရှီကတော့သူ့ကိုဒီလောက်လေးအရေးပေးလာတာကိုပင်တော်တော်လေးဝမ်းသာလှပြီ
"မင်းကိုပေါင်မုန့်ချောင်းပေးတဲ့လူကိုပြောပေးစမ်းပါ ငါဒီထဲရောက်နေတယ်လို့.."
"ခင်ဗျား!.." ရဲမက်လေးကဘေးဘီကိုမလုံမလဲကြည့်လိုက်ပြီးလင်းရှီအနားသို့ထပ်တိုးကာ လေသံနှိမ်ပြီးပြောလာတယ်။
![](https://img.wattpad.com/cover/256304510-288-k270164.jpg)
ŞİMDİ OKUDUĞUN
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)
Hayran Kurgu𝐘𝐢𝐳𝐡𝐚𝐧 𝐟𝐚𝐧𝐟𝐢𝐜 [𝗡𝗼𝘁 𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻]✓ အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံသေး ငါလေးက'ကော'တစ်ယောက်တဲ့ (သွေးတစ်ပွက်အန်သွား) လက်ခလယ်ပဲနော် 6ᵗʰ Sᴛᴀʀᴛ - 11.6.2021 Eɴᴅ - 3.11.2021 အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံ...