2

8.4K 844 15
                                    


ကုမ္ပဏီသွားတဲ့လမ်းတစ်လျှောက် ကားလမ်းတွေပိတ်နေတာကြောင့် ဖင်ပူအောင်ပင်ကားထဲမှာထိုင်နေရတော့သည်။ လက်မှနာရီကိုကြည့်တော့ 8:35 AM

သူတို့အိမ်ကထွက်လာတာက 8နာရီလောက်တည်းက

နက်တိုင်ကိုနည်းနည်းဖြေလျော့ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။ ဒီပုံအတိုင်းဆိုအစည်းအဝေးကမှီပါအုံးမလား

ရှောင်ကျန့်ကစည်းကမ်းကြီးတယ် အချိန်တိကျတယ် ဒီအချိန်ဒီနေရာမှာရှိနေရမယ်ဆိုရင်ရှိနေရမှ ဒါလုပ်ရမယ်ဆိုလုပ်ရမှကြိုက်တာ

အခုလိုသာကားဆက်ကြပ်နေရင် 10နာရီမှာပြုလုပ်မယ့် အစည်းအဝေးအချိန်ကမှီမှာမဟုတ်တော့ဘူး  သူကတော့လုံးဝအချိန်မလေးစားသူတစ်ယောက်မဖြစ်ချင်ပါ

ကားတံခါးကိုဖွင့်ကာအပြင်ထွက်လိုက်တော့အရှေ့မှDriverက ပြူးပြဲကာသူ့ကိုကြည့်လာတယ်။

"ဒီကနေပဲ ကြုံတာနဲ့သွားတော့မယ် ကားလမ်းချောင်မှမင်းကလိုက်လာခဲ့တော့"

"အယ် boss!! boss!!"

ပြောပြီးပြေးထွက်သွားတဲ့ သူ့bossကြောင့် Driverလူငယ်လေးကခေါင်းတစ်ခါခါကျန်ခဲ့တယ်။ ကားကလည်းဒီနေ့မှတော်တော်ကြပ်နေလိုက်

ရှောင်ကျန့် ကားကြားမှဖြတ်ကာအမြန်ဆုံးနည်းနဲ့သွားဖို့တစ်ခုတစ်လေများတွေ့မလားဆိုပြီးမျက်လုံးကလည်းလိုက်ရှာကြည့်နေတယ်။ နောက်ဆုံးသူတွေ့ခဲ့တာကစက်ဘီးကိုကိုင်ကာရပ်နေသူတစ်ဦး

ရှောင်ကျန့်ထိုလူ့ဆီမြန်မြန်သွားကာ

"ညီလေး အစ်ကို့ကိုမင်းစက်ဘီးရောင်းပါလား"

"ဗျာ!.."

"အရေးကြီးနေလို့ပါ ရော့ ဒါကအစ်ကို့လိပ်စာကဒ် လောလောဆယ်တော့ပိုက်ဆံပါမလာလို့ နာရီပဲအရင်ယူထားလိုက်အုံး
ပြီးရင်လိပ်စာအတိုင်းအစ်ကို့ဆီလာခဲ့ စက်ဘီးဖိုးကိုချက်ချင်းပေးပါ့မယ်"

အရှေ့မှတတွတ်တွတ်ပြောကာ နာရီတွေချွတ်ပေးပြီးထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ပြီး စက်ဘီးပိုင်ရှင်ကောင်လေးဆွံ့အနေမိတယ်။

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Место, где живут истории. Откройте их для себя