မင်္ဂလာဝတ်ရုံနီကိုဝတ်ဆင်ထားသောလူတစ်ယောက်ကရှောင်ကျန့်ကိုကျောပေးပြီးလမ်းလျှောက်နေတယ်။ရင်းနှီးလွန်းလှတဲ့ပုံရိပ်ငယ်လေးကြောင့်ရှောင်ကျန့်အနောက်မှလိုက်ကြည့်ရန်ဆုံးဖြတ်လိုက်တယ်။ထိုလူဦးတည်ပြီးသွားနေတာကဘုရင့်အဆောင်တော်ထံသို့ပင်
ရှောင်ကျန့်စိတ်ထင့်သွားရတယ်။ ထို့နောက်ထိုလူကိုသိရှိစေရန်အနောက်မှတိတ်တိတ်လေးဆက်လိုက်သွားလိုက်တယ်။
ထိုလူကဘုရင့်အဆောင်တံခါးအားတွန်းဖွင့်ဝင်သွားတယ်။ ရှောင်ကျန့်မတုံ့မဆိုင်းဘဲ နောက်မှလိုက်ဝင်လိုက်သည်။ သူအထဲမှာမြင်လိုက်ရတာက သူ၏အိပ်ခန်းထဲသို့ဝင်သွားသောထိုလူရဲ့ကျောပြင်ကိုပဲ...
ရှောင်ကျန့်ရဲ့ဒေါသကထောင်းခနဲ
ဘယ်လိုလူကခွင့်ပြုချက်မရှိဘဲအတင့်ရဲပြီးဘုရင့်အဆောင်ထဲလာနေရတာလဲ
ထိုလူအားပယ်ပယ်နှယ်နှယ်ပြောရန်အိပ်ခန်းတံခါးကိုဆောင့်ဖွင့်လိုက်တော့ သူ့ကိုဆီးကြိုနေသည်ကဝတ်ရုံနီဝတ်ဆင်ထားသောအခြားတစ်ယောက်...
ပုဝါနီကိုခေါင်းထက်လွှမ်းခြုံထားကာသူ၏ကုတင်ထက်တွင်ထိုင်နေလေသည်။ စောနကကျောပြင်ငယ်လေးကိုတော့မြူတစ်မှုန်မှပင်မတွေ့တော့တာကြောင့် ထိုင်နေတဲ့လူဟာထိုသူပဲလို့သတ်မှတ်လိုက်ပြီးရှောင်ကျန့်အခန်းထဲသို့ဝင်လာလိုက်တယ်။
ထိုသူရဲ့ပုဝါစအားအကြမ်းပတမ်းဆွဲဖယ်လိုက်တော့ သူ့အားငြို့ငင်ဓာတ်အပြည့်မျက်လုံးနီနီတို့ဖြင့်ကြည့်နေသောထိုသူ..
စောက်ကျိုးနည်း ဇာတ်လိုက်ကြီးဟ!
"အရှင်မင်းကြီး..."
ယောက်ျားပီသလွန်းသောသြရှရှအသံကြောင့်ရှောင်ကျန့်ကြက်သေသေကာဝမ်ရိပေါ်အားကြည့်နေမိတယ်။ထို့နောက်သူ့ပါးစပ်မှထွက်သွားသည်က
"စောင့်နေရတာ ကြာသွားလား ဝမ်..."
ဟင် ဘာသံကြီးတုန်းဟ!
အနည်းငယ်ချိုအီနေတဲ့အသံကြီးကြောင့်ရှောင်ကျန့်လန့်သွားရတယ်။
STAI LEGGENDO
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction𝐘𝐢𝐳𝐡𝐚𝐧 𝐟𝐚𝐧𝐟𝐢𝐜 [𝗡𝗼𝘁 𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻]✓ အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံသေး ငါလေးက'ကော'တစ်ယောက်တဲ့ (သွေးတစ်ပွက်အန်သွား) လက်ခလယ်ပဲနော် 6ᵗʰ Sᴛᴀʀᴛ - 11.6.2021 Eɴᴅ - 3.11.2021 အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံ...