27

5.6K 641 6
                                    


ချင်မြို့ရှိစားသောက်ဆိုင်တစ်ဆိုင်ထဲသို့လူ​တွေဟာပေါ်တင်တစ်မျိုးချောင်းကြည့်၍တစ်ဖုံ ကွက်ကြည့်ကွက်ကြည့်လာလာကြည့်သွားကြတယ်။
အကြောင်းကတော့ မဲနယ်​ရောင်တူညီဝတ်စုံဝတ်ဆင်ထားသောလူတစ်စုကြောင့်ပင်ဖြစ်သည်။

စားပွဲထိုးလေးခမျာလည်းအရှိန်အဝါအပြည့်နှင့်လူတစ်သိုက်ကြောင့်မှာသမျှဟင်းပွဲတို့အားအမှတ်မမှားစေရန်ဂရုစိုက်နေရတယ်။

ထိုလူတွေပုံမှာကြောက်စရာမကောင်းပေမယ့် အနည်းငယ်တော့ရှိန်မိပါသည်။

ခါးထက်တွင်ချိတ်ထားသောအလှတပ်​ငွေချူလုံးလေးတွေကပြောနေတယ် သူတို့ကထန်ဂိုဏ်းကလူတွေပါတဲ့

စားပွဲထိုးလေးကစားဖိုမှူးလေးကိုဟင်းအမယ်တွေရေရွတ်ပြပြီးတဲ့နောက်ပြောလာတယ်။

"ရှောင်မုန့် သူ့ဟာသူနေနေတဲ့ကျင့်ကြံရေးဂိုဏ်းတစ်ဂိုဏ်းကတောင်အောက်ဆင်းလာတယ်ဆိုတာ တော်ရုံကိစ္စတော့မဟုတ်လောက်ဘူးထင်တယ်
ငါတို့မြို့မှာမကောင်းဆိုးဝါးတွေဘာတွေသောင်းကျန်းတာလည်းမကြားမိပါဘူး..."

"မကောင်းဆိုးဝါးသောင်းကျန်းမှတောင်အောက်ဆင်းရမှာလား အရှင်မင်းကြီးဆီလာတာလားမှမသိတာ.."

"အေးနော် အဲ့ဒါလည်းဟုတ်သား
ဒါပေမယ့် ငါတို့အရှင်မင်းကြီးနဲ့ထန်ဂိုဏ်းအဆက်အသွယ်မရှိတာတောင်ဘယ်လောက်ကြာပြီမို့လဲ ခုမှရုတ်တရက်ကြီး. ထူးဆန်းတယ် ထူးဆန်းတယ်.."

"ခင်ဗျားဟင်းတွေသွားမချမှသာပိုထူးဆန်းတာတွေကြုံသွားမှာ အမြန်သွားစမ်းပါဗျာ..."

စားပွဲထိုးလေးဟာဆူပုတ်ပုတ်နဲ့ဟင်းပွဲတွေကိုသယ်ကာတာဝန်အတိုင်းသွားချလေတော့သည်။

လူအများဝိုင်းအာရုံစိုက်ခံနေရသောလူကတော့ စားပွဲဝိုင်းတစ်ခုတွင်တစ်ယောက်တည်းထိုင်နေသောလူကိုပင်ဖြစ်သည်။
ဆံပင်တို့အားအပေါ်တစ်ဝက်ကိုဖဲ​ပြားအနက်​ဖြင့်စည်းထားပြီးအောက်တစ်ဝက်ကိုချထားသောလူတစ်ယောက် ကျောကိုမတ်မတ်ထားကာအားလုံးထဲမှာအတည်ငြိမ်ဆုံးနဲ့နူးညံ့သောမျက်နှာထားရှိတဲ့ထိုသူကတော့ ထန်ဂိုဏ်းချုပ် ထန်​​ဇီဖုန်း...

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Où les histoires vivent. Découvrez maintenant