ရှောင်ကျန့်ညကအအေးမိသွားတာကြောင့်နှာစေးနေတော့သည်။ နှာခေါင်းထိပ်ကခပ်ရဲရဲဖြစ်နေပြီးပါးနှစ်ဖက်ကလည်းအနီဘက်ခပ်ရေးရေးသန်းနေလေသည်။ရိပေါ် နှာတရှုံ့ရှုံ့နဲ့မနက်စာထိုင်စားနေတဲ့အရှင့်ကိုကြည့်လိုက်တယ်။
ညကအအေးမိသွားတဲ့ပုံပဲ
အပေါ်ဝတ်ထပ်မဝတ်ဘဲ ညဝတ်အိပ်လေးနဲ့တင်အပြင်ထွက်တာကို ဖြစ်တော့မှာပေါ့အပေါ်ဝတ်ထပ်မဝတ်ဘဲထွက်လာတာသူမြင်သားပဲ တမင်အမြင်ကပ်လို့ကိုအပေါ်ရုံယူမလာပေးဘဲထားလိုက်တာ
ဒီလူကလည်း ကိုယ့်ကိုကိုယ်ဂရုစိုက်မှုတော်တော်အားနည်းလိုက်တာ...
ချမ်းချမ်းအေးအေးကြီးအဝတ်ပါးနဲ့လျှောက်သွားနေရင် အအေးမိမယ်မှန်းမသိဘူးလား ဒီအရွယ်ပဲရောက်နေပြီ... အ,လိုက်တာ အမြင်ကိုကပ်တယ်
ဟာ.. ဟ..ဟပ်ရှိုး!!
ရှောင်ကျန့်နှာစေးနေရတဲ့ကြားထဲ နှာတွေပဲထထချေနေမိတော့ မနက်စာလည်းစားချိန်စိတ်မရှိတော့ပေ။
ငါ့ကိုဘယ်သူတောင်းစားကကျိန်ဆဲနေတာလဲဟေ...
တူကိုမညင်မသာချလိုက်ပြီးမှုန်ကုတ်ကုတ်နဲ့ဘေးမှကုန်းကုန်းကိုကြည့်လိုက်တယ်။
"ကုန်းကုန်း ဆရာဝန် အဲ ဟုတ်ပါဘူး သမားတော်ခေါ်ထားအုံး ကိုယ်တော်ညီလာခံကပြန်လာတာနဲ့အဆင်သင့်တွေ့ချင်တယ်..."
"အရှင်အဆင်ပြေရဲ့လား ဆေးသောက်ပြီးမှညီလာခံတက်ပါလားအရှင်..."
မဟုတ်တောင်ကုန်းကုန်းကကိုယ်ရံတော်ဝမ်ပြောထားလို့သမားတော်ခေါ်ထားပြီးပါပြီ
"ရတယ် အရမ်းဆိုးနေတာမှမဟုတ်ဘဲ ဆေးသောက်ပြီးမှသွားရင်အိပ်ချင်နေမယ်..."
"ဟုတ်ကဲ့ပါအရှင်"
ဖျားချင်နေပေမယ့်လည်းသူ့တာဝန်ကရှိနေသေးသည်မဟုတ်လား သွားပြီး အမတ်တွေရဲ့ဘာညာကွိကွလျှောက်တင်သံတွေကိုနားဆင်ရအုံးမည်။ ညီလာခံခန်းမရှေ့ရောက်တော့အပြင်တွင်ရပ်ကျန်ရန်ပြင်နေသောရိပေါ်ကိုရှောင်ကျန့်အထဲထိမရမကခေါ်လာလိုက်တယ်။
BẠN ĐANG ĐỌC
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfiction𝐘𝐢𝐳𝐡𝐚𝐧 𝐟𝐚𝐧𝐟𝐢𝐜 [𝗡𝗼𝘁 𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻]✓ အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံသေး ငါလေးက'ကော'တစ်ယောက်တဲ့ (သွေးတစ်ပွက်အန်သွား) လက်ခလယ်ပဲနော် 6ᵗʰ Sᴛᴀʀᴛ - 11.6.2021 Eɴᴅ - 3.11.2021 အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံ...