ယနေ့ဟာနန်းတော်မှာလူအစည်ကားဆုံးနေ့တစ်နေ့ပဲ...မွေးနေ့ပွဲကိုနန်းတော်ရင်ပြင်ထက်တွင်ခမ်းခမ်းနားနားပြင်ဆင်ထားတယ်
နန်းတော်တစ်ခုလုံးမှာရှင်ဘုရင်အတွက်ဆုတောင်းစကားသံတွေနဲ့လွှမ်းခြုံနေခဲ့တယ်
အကအလှတီးလုံးတွေနဲ့ဖျော်ဖြေနေသောနတ်မိမယ်လေးတွေဟာလည်းမမောနိုင်မပမ်းနိုင်
ညဖြစ်နေသည့်တိုင် နန်းတော်ရင်ပြင်ထက်တွင်တော့နေ့အလားအမှတ်ထင်ရအောင် မီးရောင်တို့ဟာထွန်းလင်းတောက်ပနေတယ်ကောင်းကင်မှပြည့်ပြည့်ဝဝသာနေသောလမင်းကြီးကလည်း ရှောင်းဘုရင်ငယ်လေးရဲ့မွေးနေ့ပွဲအားလာရောက်ဂုဏ်ပြုပေးနေသည့်နှယ်...
"အံ့သြဖို့ကောင်းလိုက်တာ အံ့သြဖို့ကောင်းလိုက်တာ"
စာပေသမားယောင်ယောင်အိမ်တော်သခင်လေးတစ်ပါးကထိုသို့မှတ်ချက်ပြုကာ သူ့စားတော်ပွဲမှသေရည်တစ်ငုံယူသောက်လိုက်တယ်
အားလုံးကရှင်ဘုရင်ရဲ့မွေးနေ့အတွက်စိတ်လှုပ်ရှားနေကြတယ် ရှောင်းလက်အောက်ခိုဝင်ကြသောတိုင်းပြည်အသီးသီးမှသံတမန်တွေလည်းလာရောက်ကာဂုဏ်ပြုကြပြီး အဖိုးတန်လက်ဆောင်ပစ္စည်းအမျိုးမျိုးကိုသူ့ထက်ငါပိုကောင်းတဲ့အရာများပေးကာ ရှင်ဘုရင်ရဲ့နှစ်သက်မှုကိုရယူနိုင်ရန်ကြိုးပမ်းနေကြသေးတယ်
လူတိုင်းနီးပါးတက်ကြွနေကြတဲ့အရှင်ဘုရင်ရဲ့မွေးနေ့တော်အား မတက်ရောက်တာဆိုလို့ စစ်သူကြီးယွဲ့နဲ့မယ်တော်ကြီးရယ်ပဲရှိတယ်
ယွဲ့အမတ်ကြီးကတော့မကောင်းတတ်လို့လားမသိ ရှင်ဘုရင်ကိုလူလုံးခဏသာလာပြသွားလေရဲ့
ယွဲ့မင်ရှန်းမလာတာကိုတော့ရှောင်ကျန့်ကသိပ်လည်းစိတ်ထဲမထားပါဘူး ဘာ့လို့ဆိုတော့ဒီနေ့ကသူ့မွေးနေ့မဟုတ်တဲ့ရှောင်ကျန့်ရဲ့မွေးနေ့လေ လာလာမလာလာသူကစိတ်မကွပ်ပါဘူး
ပြီးတော့ မင်ရှန်းကဟိုဂိုဏ်းချုပ်နဲ့ပါသွားတာပဲဟာ သူကပိုတောင်စိတ်မကွပ်သေးရှောင်ကျန့်လေးရဲ့အထဲရောက်ပြီးမှအရင်ကထက်ပိုကောင်းမွန်လာတာကဆဌမအာရုံပဲ သူဘာမှန်းမှန်းအကုန်အမှန်ချည်းပဲ
![](https://img.wattpad.com/cover/256304510-288-k270164.jpg)
VOCÊ ESTÁ LENDO
𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)
Fanfic𝐘𝐢𝐳𝐡𝐚𝐧 𝐟𝐚𝐧𝐟𝐢𝐜 [𝗡𝗼𝘁 𝗧𝗿𝗮𝗻𝘀𝗹𝗮𝘁𝗶𝗼𝗻]✓ အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံသေး ငါလေးက'ကော'တစ်ယောက်တဲ့ (သွေးတစ်ပွက်အန်သွား) လက်ခလယ်ပဲနော် 6ᵗʰ Sᴛᴀʀᴛ - 11.6.2021 Eɴᴅ - 3.11.2021 အမယ် သေပြီးမင်းကြီးဖြစ်သွားလို့ ဝမ်းသာမယ်ကြံ...