26

5.6K 698 23
                                    


         ရှန်ယွဲ့ ခွေးမလေး!!

ရှောင်ကျန့်ကျန်ရစ်ခဲ့သောတူမအကောင်းစားလေးအားကြိတ်ဆဲလိုက်ကာအရှေ့မှဇာတ်လိုက်အားရှူတည်တည်ပြန်ကြည့်နေလိုက်တယ်။

ဝမ်ရိပေါ်ကသူ့ကိုယ်သူမိတ်ဆက်ပြီးတဲ့နောက်မှာတော့တစ်ခန်းလုံးဟာတိတ်ဆိတ်သွားတယ်။ ဖယောင်းတိုင်မီးညွှန့်ကပြတင်းပေါက်မှတိုးဝင်လာသောလေပြည်ညှင်းကြောင့်အနည်းငယ်ယိမ်းထိုးနေတာကြောင့်အရိပ်များလှုပ်ရှားနေပုံက​တစ္ဆေတွေဖြတ်ပြေးနေတဲ့အလား

ဝမ်ရိပေါ်ကသူ့နာမည်သာပြောပြီးဘာမှဆက်မပြောဘဲရှောင်ကျန့်ကိုသာမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတယ်။

နက်မှောင်နေတဲ့အကြည့်တွေရဲ့အဓိပ္ပါယ်ကိုတော့ ရှောင်ကျန့်လေးမဖော်ထုတ်နိုင်ဘူး

နောက်တော့တည်တည်ငြိမ်ငြိမ်အသံလေးကအခန်းထဲပျံ့လွင့်လာတယ်

"မင်းကဝမ်ရိပေါ်ဖြစ်တော့ရော... ကိုယ်တော်ကဘာလုပ်ရမှာလဲ"

"... ဘာလုပ်ရမှာလဲ? အရှင့်ကိုကလဲ့စားချေမှာမကြောက်ဘူးလား"

"လူဆိုတာသေတစ်နေ့မွေးတစ်နေ့ပဲ
ကိုယ်တော်ကနှစ်ခါပြန်သေရမှာကိုကြောက်နေရမှာလား..

ပြီးတော့ မင်းသာကိုယ်တော့်ကိုကလဲ့စားချေချင်ရင်ကိုယ်တော်ကလည်စင်းပေးဖို့အသင့်ပါပဲ..."

ရှောင်ကျန့်စကားကြောင့်ရိပေါ်မျက်ခုံးပင့်မိတယ်။တစ်ဆက်တည်းသူ့နှုတ်ခမ်းစွန်းလေးဟာမသိမသာကွေးတက်သွားလေရဲ့

ရှောင်ကျန့်ကတော့သူ့ရဲ့စိတ်ထားဘယ်လောက်ဖြူစင်ကြောင်းသူဘယ်လောက်အပြစ်ကင်းကြောင်းကိုအာချောင်ရန်သာစိတ်ရောက်နေသဖြင့်ရိပေါ်ရဲ့အပြုအမူအားသတိမမူမိသေး

"ကိုယ်တော့်အနားမှာစောင့်ရှောက်ပေးနေရတဲ့ကိုယ်ရံတော်တစ်ယောက်အနေနဲ့ မင်းလည်းရိပ်မိမှာပါ ကိုယ်တော့်ကိုသတ်ချင်နေတဲ့လူဘယ်လောက်များလဲဆိုတာကို...

သူတို့လိုလူယုတ်မာတွေလက်ထဲသေရတာထက်... လောင်ဝမ်.. မင်းလက်ထဲသေရတာကပိုတန်ပါတယ်ကွာ..."

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Dove le storie prendono vita. Scoprilo ora