25

5.4K 680 37
                                    


နန်းတော်ထဲမှာရဲမက်တွေအလုပ်ရှုပ်နေကြတယ်။အနှီအပိုင်းပိုင်းဖြစ်နေသောရုပ်အလောင်းကြီးဟာမည်သူဖြစ်သနည်းဆိုတာသိရှိနိုင်ရန်အရင်ဆုံးတွေ့တဲ့စားဖိုဆောင်မှအလုပ်သင်အားစစ်မေးနေတယ်။

အလုပ်သင်လေးကအကြောက်လွန်နေသေးတာကြောင့်စကားတစ်လုံးနဲ့တစ်လုံးအားယူပြီးပြောနေရလေသည်။ဘာမှမသေချာတဲ့အဖြေတွေသာရနေတာကြောင့်လောလောဆယ်အလုပ်သင်လေးအားစောင့်ကြည့်နေစေပြီး စားဖိုမှူးကြီးကိုစစ်မေးပြန်တယ်။

ပုပ်ပွနေတဲ့မျက်နှာကြီးကြောင့်ဘယ်သူဆိုတာတပ်အပ်မပြောနိုင်ကြပေ။

ဒါပေမယ့်အလောင်းအားအမျိုးမျိုးထပ်စစ်ဆေးလိုက်တဲ့နောက်မှာတော့အဖြေကပေါ်လာပါတော့တယ်။

ဖြတ်ခံထားရတဲ့အစိတ်အပိုင်းတွေကိုကြည့်ပြီးမိန်းကလေးတစ်ယောက်မှန်းသိပြီးတဲ့နောက် နန်းတော်ထဲရှိမိန်းကလေးများအားလုံးကိုစာရင်းကောက်ယူပြီးပျောက်နေသောလူစာရင်းကိုပါအတိအကျပြန်ကောက်ပြီးတဲ့နောက် ထိုအလောင်းဟာဘုရင့်အဆောင်မှာအလုပ်လုပ်နေရသောအပျိုတော်တစ်ဦးဖြစ်ကြောင်းသိရှိသွားကြတယ်။

ဘုရင့်အဆောင်ကအပျိုတော်အသတ်ခံရတဲ့ကိစ္စဟာနန်းတော်ထဲတွင်ပိုမိုဂယက်ရိုက်လာတော့သည်။

ညီလာခံခမ်းမ၌....

"ဒီလူသတ်မှုကအတော်လေးစက်စုပ်ရွံရှာဖို့ကောင်းလွန်းပါတယ် လုံးဝလူမဆန်စွာသတ်ဖြတ်ခံရတာပါ"

"မှန်တယ် ပြီးခဲ့တဲ့အပတ်ကလည်းမြို့တော်ထဲကအိမ်တော်တစ်ခုလုံးရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ကိစ္စတောင်ဖြေရှင်းလို့မပြီးသေးတာကို

ခုလိုနန်းတော်ထိပါလူသတ်မှုဖြစ်လာတယ်ဆိုတော့ ဒါဟာရှင်ဘုရင်ကိုမထီမဲ့ပြင်ပြုတာနဲ့တူမနေပါဘူးလား!"

"ဒီလိုနန်းတွင်းထဲမှာတင်လူမဆန်တဲ့သတ်ဖြတ်မှုဖြစ်ခဲ့တာကို တရားစီရင်ရေးအမတ်ကြီး...ခင်ဗျားဘာလုပ်နေလဲ"

ခါတိုင်းလိုပဲလူဝင်မှုကြီးကြပ်ရေးအမတ်ကြီးမှထေ့ငေါ့​ပြောလာပြန်တာမို့တရားစီရင်ရေးအမတ်ကြီးပြန်ပြောဖို့စကားစရှာလိုက်တယ်။ သူကတရားမျှတအောင်ဆောင်ရွက်ပေးရတဲ့အပြင်ရာဇဝတ်သားတွေအားဖမ်းဆီးရတဲ့တာဝန်လည်းယူထားရသေးတယ်လေ

𝐈'𝐦 𝐑𝐞𝐚𝐥𝐥𝐲 𝐒𝐭𝐫𝐚𝐢𝐠𝐡𝐭!!!! 𝐁𝐔𝐓... (Cᴏᴍᴘʟᴇᴛᴇᴅ)Donde viven las historias. Descúbrelo ahora